လင်မယားချင်း စကားများရာမှ ဓားဖြင့်ထိုးရာ ဇနီးသေဆုံး


မိုးညို ဧပြီ ၁၁

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ် ရေကင်းအုပ်စု မြောက်ရွာတွင် ဧပြီ ၁၁ ရက် နံနက် ၈ နာရီ ၅ မိနစ်အချိန်က လင်မယားချင်းစကားများရာမှ ဓားထိုးမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မိုးညိုမြို့နယ် ရေကင်းအုပ်စု မြောက်ရွာနေ ဦးခင်မောင်ဝင်းသည် နံနက် ၈ နာရီခန့်တွင် သွားရောက်ပြီး သမီးဖြစ်သူအား ခေါ်ရာနေအိမ်တံခါးမှာ ပိတ်လျက်ရှိသည်ကိုတွေ့ရ၍ အသံမကြားသဖြင့်တံခါးဖွင့်ပြီး အိမ်ထဲသို့ဝင်ရောက်ကာ အိမ်ပေါ်သို့တက်ကြည့်စဉ် နေအိမ်ရှေ့ခန်းခြင်ထောင်ထောင်လျက် အိပ်နေသောသမီးဖြစ်သူအားတွေ့ရ၍ လှုပ်နှိုးကြည့်ရာခေါ်မရသဖြင့် ပတ်ဝန်းကျင်အားအော်ဟစ် အကူအညီတောင်းခံပြီး ဝိုင်းဝန်းကြည့်ရှုရာသမီးဖြစ်သူ မစန်းဝင်းမော်မှာအိပ်ယာထဲတွင် ဝဲဘက်နို့အုံအနီး၌ တစ်လက်မခန့်ပြတ်ရှထိုးသွင်း ဒဏ်ရာ တစ်ချက်၊ ကျောကုန်းယာဘက်လက်ဖျံအနီး၌ ပြတ်ရှထိုးသွင်းဒဏ်ရာ တစ်ချက်တို့အားတွေ့ရ၍ သမီးဖြစ်သူအားသတ်သွားသူ နိုင်လင်းအောင်အား ဥပဒေအရအရေးယူပေးပါရန် ဖခင်ဖြစ်သူမှတရားလိုပြုလုပ်တိုင်တန်းခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မေးမြန်းရာ တရားခံနိုင်လင်းအောင် (၃၂ နှစ်) ကျဘမ်းလုပ်သူနှင့် ကျူးလွန်ခံရသူ မစန်းဝင်းမော် (၃ဝ နှစ်) ကျဘမ်းလုပ်သူတို့သည် လင်မယားချင်းစကားများရန်ဖြစ်ရာ နိုင်လင်းအောင်မှဓားဖြင့်ထိုးသတ်ခဲ့ကြောင်းသိရပြီး မိုးညိုမြို့နယ်ရဲတပ်ဖွဲ့မှူးမှ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ အခင်းဖြစ်နေရာသို့သွားရောက်ပြီး တရားခံဖမ်းဆီးရမိရေးအတွက် ရေကင်းနယ်မြေရဲစခန်းအဖွဲ့ ၊ ရေကင်း အုပ်ချုပ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ တရားခံထွက်ပြေး တိမ်းရှောင်နိုင်သည့်နေရာများသို့ လိုက်လံပိတ်ဆို့ဖမ်းဆီး လျက်ရှိပြီး အမှုအားရေကင်းနယ်မြေရဲစခန်း (ပ)၉/၂ဝ၁၇ ရာဇသတ်ကြီး ပုဒ်မ-၃ဝ၂ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ