ပြည်ကြီးမဏ္ဍိုင်မြို့ နယ်တွင် လူတစ်ဦးအား တောဆင်ရိုင်းတစ်ကောင်မှ တက်နင်းမိ


ပြည်ကြီးမဏ္ဍိုင် ဧပြီ (၃) ရက်

တနင်္သာရီတိုင်းဒေသကြီး၊ ပြည်ကြီးမဏ္ဍိုင်မြို့ နှင့်(၃)မိုင်ခန့်ဝေးကွာသော ထောင်ငါးသိုင်းကျေးရွာအုပ်စု၊ ကျောက်တန်းကျေးရွာတွင် ဧပြီလ(၂)ရက်နေ့ည(၁၉း၀၀)နာရီအချိန်ခန့်၌ ဦးစောထူးထူး (၀ါ) ကိုကရင် အား တောဆင်ရိုင်းတစ်ကောင် မှခြေထောက်ဖြင့် နင်းမိခဲ့ခြင်းကြောင့် ဒဏ်ရာများ ရရှိ သွားကြောင်းသတင်းရရှိသည်။


ဖြစ်စဉ်မှာ ဦးစောထူးထူး(၀ါ)ကိုကရင် အသက် (၄၃)နှစ် (ဘ)ဦးသာထွေး ဥယျာဉ်ခြံလုပ်ကိုင်သူ သည် ၄င်း၏ ဥယျာဉ်ခြံမှ နေအိမ်သို့ ပြန်လာစဉ် လမ်းတစ်ဝက် ဒေသအခေါ် (R-10)အရောက်တွင် တောဆင်တစ်အုပ်နှင့်တွေ့ရာ ပါလာသည့် အိမ်မွေးခွေးမှ ဟောင်လိုက်သဖြင့် တောဆင်ရိုင်းများလိုက်လာရာ ဦးစောထူးထူးမှာ ထွက်ပြေးရာမှ ခြုံနွယ်များညှိ၍ လဲကျသွားစဉ် တောဆင်ရိုင်းတစ်ကောင်မှ တက်နင်းမိသဖြင့် ထ၍မရဖြစ်နေစဉ် ဒေသခံကျေးရွာသားများ ရှာဖွေတွေ့ရှိသဖြင့် (၂၁း၃၀)နာရီအချိန်တွင် ပြည်ကြီးမဏ္ဍိုင်မြို့ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရှိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့ ဆေးရုံ၏ ဆေးစစ်ဆေးချက်အရ ဆင်နင်းခံရသူဦးစောထူးထူး တွင် ဆီးအိမ်နာကျင်ဒဏ်ရာ၊ ၀ဲ /ယာ ပေါင်ရင်းနာကျင်ဒဏ်ရာများ စိုးရိမ်ဖွယ်ရရှိထားကြောင်း တွေ့ရှိ ရသဖြင့် ဆက်လက် ဆေးကုသမှုခံယူနိုင်ရန် မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်းသိရှိရသည်။

Iprd Kawthoung Iprd
ပြည်ကြီးမဏ္ဍိုင်မြို့ နယ်တွင် လူတစ်ဦးအား တောဆင်ရိုင်းတစ်ကောင်မှ တက်နင်းမိ  ပြည်ကြီးမဏ္ဍိုင်မြို့ နယ်တွင် လူတစ်ဦးအား တောဆင်ရိုင်းတစ်ကောင်မှ တက်နင်းမိ Reviewed by THITHTOOLWIN on 21:10 Rating: 5
Powered by Blogger.