လက်ပံတန်းမြို့ နယ်တွင် သဲကားနှင့် ခရီးသည်ယာဉ်တိုက်မိ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ရန်ကုန် -ပြည်လမ်းရှိ ကွမ်းခြံစုကျေးရွာ တွင် (၁၃-၄-၂၀၁၇ရက်နေ့ ) ဧပြီလ ၁၃ရက်နေ့  နေ့ လယ်၂း၄၅ အချိန့် တွင် သဲ တင်ဆောင်ထားသော SKAT နှင့် Asia ခရီးသည် ယာဉ် နှင့်တိုက်မိကာ ခရီးသည် Asia မော်တော်ယာဉ် မှ ယာဉ်နောက် ခြေညှပ် သည်ဟုသိရသည် ။
အဆိုပါ ဖြစ်စဉ် ကြားသိသည်နှင့်အမျှ သာယာဝတီမြို့ ကြက်ခြေနီအသင်း ဥက္ကဌ ကိုထူးမြင့် အတူ အသင်းသား( ၃)ဦး သုံးဆယ်မြို့ ကရုဏာရှင် လူမှု့ကူညီရေးအသင်းကား၊ လက်ပံတန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဘုန်းမြင့် နှင့်တပ်ဖွဲ့ ဝင်များ၊ လက်ပံတန်းမြို့ ဖြူစင်မေတ္တာ မော်တော်ယာဉ်နှင့် ပရဟိတ အဖွဲ့ဝင်များ၊ လက်ပံတန်းမြို့  မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက် ကယ်ဆယ် ဆောင်ရွက်ပေးခဲ့သည်။
သာယာဝတီခရိုင် မီးသတ် ဦးစီးမှူးဦးနိုင်စိုး မှ ခရိုင်မီးသတ်ယာဉ်ဖြင့် Asia ခရီးသည်ယာဉ် စက်သတ် မရသဖြင့် မော်တော်ယာဉ်ကို စက်သတ် ပေးခြင်း အင်ဂျင် အပူများသဖြင့် ရေပတ်ခြင်းများပြုလုပ်ပေးခဲ့ပြီး မော်တော်ယာဉ် နှစ်စီးအား လမ်းပိတ်ဆို့ မှု့မဖြစ်ပေါ်အောင် ဆောင်ရွက်ပေးခဲ့သည်ဟုသိရသည် ။
Phoe San
https://www.facebook.com/tharrawaddy.tharrawaddy
Powered by Blogger.