ကင်အီဆွန်းမွေးနေ့ပွဲမှာ မြောက်ကိုရီးယားက လက်နက်သစ်တွေ ပြသ

စစ်ကို စစ်နဲ့ တုန့်ပြန်ပြီး နျူးကလီးယားဆိုရင်လည်း ကျနော်တို့ရဲ့ နျူးကလီးယား နဲ့ ပြန်တိုက်မှာပါလို့ မစ္စတာ ချိုယောင်ဟယ်က ပြောဆိုခဲ့
မြောက်ကိုရီးယားနိုင်ငံမှာ နိုင်ငံထူထောင်တဲ့ ခေါင်းဆောင်ကင်အီဆွန်းရဲ့ မွေးနေ့ကို ဆင်နွှဲ ကျင်းပခဲ့ပြီး ရေငုပ်သင်္ဘောက ပစ်နိုင်တဲ့ ဒုံးကျည်သစ် အပါအဝင် တခြားလက်နက်တွေကိုလည်း မြို့တော်တွင်း ချီတက်ပွဲတွေမှာ ထုတ်ဖော် ပြသခဲ့ ပါတယ်။

အခုလို ချီတက်ပွဲတွေ အတွင်းမှာ မြောက်ကိုရီးယားဘက်က ကိုရီးယားအလုပ်သမားပါတီ အတွင်းရေးမှူးလည်းဖြစ် ဗဟိုစစ်ကော်မတီ ဒုဥက္ကဌလည်း ဖြစ်တဲ့ မစ္စတာ ချိုယောင်ဟယ်က အမေရိကန်ကို အခုလို ခြိမ်းခြောက်ခဲ့ပါတယ်။

'တကယ်လို့ အမေရိကန်ကသာ အဆင်ခြင်မဲ့ ရန်စခဲ့မယ်ဆိုရင် ကျနော်တို့ တော်လှန်ရေး အင်အားစုတွေက ချက်ချင်း ချေမှုန်းပစ်မယ့် တိုက်ခိုက်မှုမျိုးနဲ့ တုန့်ပြန်မှာပါ။

စစ်ကို စစ်နဲ့ တုန့်ပြန်ပြီး နျူးကလီးယားဆိုရင်လည်း ကျနော်တို့ရဲ့ နျူးကလီးယား နဲ့ ပြန်တိုက်မှာပါ' လို့ မစ္စတာ ချိုယောင်ဟယ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ နိုင်ငံတကာ ကန့်ကွက်နေတဲ့ကြားက ဒီလ အစောပိုင်းမှာ တိုက်ချင်းပစ် ဒုံးပျံတခု ထပ်မံ စမ်းသပ်ခဲ့လို့ ပြီးခဲ့တဲ့ အပတ်က အမေရိကန်က ရေတပ်သင်္ဘောအုပ်စု တစု ကိုရီးယား ကျွန်းဆွယ်ကို စေလွှတ်ခဲ့ပြီး အခြေအနေတွေ တင်းမာနေခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဘက်ကလည်း နျူးကလီးယားဗုံး ထပ်စမ်းနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေလည်း ရှိနေပါတယ်။

အခုလို အခြေအနေတင်းမာမှုတွေကို တတ်နိုင်သမျှ မြန်မြန်ဖြေရှင်းဖို့အတွက် ရုရှားနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်ဆိုပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ရီက ရုရှားနိုင်ငံရေးဝန်ကြီးနဲ့ ဖုန်းဆက် စကားပြောခဲ့သေးတယ်လို့လည်း သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese
ကင်အီဆွန်းမွေးနေ့ပွဲမှာ မြောက်ကိုရီးယားက လက်နက်သစ်တွေ ပြသ ကင်အီဆွန်းမွေးနေ့ပွဲမှာ မြောက်ကိုရီးယားက လက်နက်သစ်တွေ ပြသ Reviewed by THITHTOOLWIN on 21:07 Rating: 5
Powered by Blogger.