မြစ်သားမြို့၌ ဆွဲကြိုးဖြတ်လုယူမှု(၁၀)မှု၊ ဆိုင်ကယ်ခိုးမှု(၁)မှု ဖေါ်ထုတ်ဖမ်းဆီးရမိ


မြစ်သားဧပြီ ၂၆

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်အတွင်းဆွဲကြိုးဖြတ်လုယူမှုများ ဖြစ်ပွားနေရာစုံစမ်းဖေါ်ထုတ် အရေးယူနိုင်ရေးတိုင်းဒေသကြီးနှင့်ကျောက်ဆည်ခရိုင် ရဲတပ်ဖွဲ့မှူးတို့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ကျောက်ဆည်ခရိုင်မှုခင်းနှိမ်နင်းရေးအကူအဖွဲ့မှ ရဲအုပ်ဝင်းမျိုးဦးစီးအဖွဲ့၊မြို့နယ်မှူး မြင့်သိန်း၊မြို့မစခန်းမှူး ဒုတိယရဲမှူး စိုးလွင်ဦးဦးစီးသည့်နယ်ထိန်းအဖွဲ့နှင့် မြစ်ငယ်နယ်ထိန်းခေါင်းဆောင် ဒုတိယရဲအုပ် သူရအောင်တို့ကပူးပေါင်းစုံစမ်းဆောင် ရွက်ခဲ့ရာမြစ်သားမြို့မုန္တောလေးကျေးရွာနေတရားခံရဲလင်းအောင်(ခ)ခေါင်းကြီး(ခ)ပဲပြုတ်အားဧပြီ၂၃ ညနေ ၄နာရီ မိနစ် ၃၀တွင် ဖမ်းဆီးရမိကြောင်းသိရသည်။


တရားခံအား မြစ်သားမြို့မစခန်းမှူး၊အမှုစစ်နှင့် နယ်ထိန်းအဖွဲ့တို့ကစစ်ဆေးဆောင်ရွက်ခဲ့ရာ မြစ်သား၊ ကူမဲ၊ ရွာခိုင်ကြီး၊ မင်းစုကျေးရွာများအတွင်းဆွဲကြိုးဖြတ်လုယူမှု(၁၀)မှု၊ ဆိုင်ကယ်ခိုးယူမှု(၁)မှု ဖေါ်ထုတ်ရရှိပြီးသက်သေခံဆိုင်ကယ်နှင့်ရွှေထည်ပစ္စည်းများအားဧပြီ ၂၄၊၂၅ရက်တို့တွင် ဥပဒေနှင့်အညီသိမ်းဆည်းကာ တရားခံရဲလင်းအောင်(ခ) ခေါင်းကြီး(ခ) ပဲပြုတ်၊သောင်းအေး(ခ)ဖိုးအေး၊ မင်းခိုင်(တိမ်းရှောင်)တို့ (၃)ဦးအားဥပဒေနှင့်အညီအရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ရဲဝင်းထွန်း(မြစ်သား)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မြစ်သားမြို့၌ ဆွဲကြိုးဖြတ်လုယူမှု(၁၀)မှု၊ ဆိုင်ကယ်ခိုးမှု(၁)မှု ဖေါ်ထုတ်ဖမ်းဆီးရမိ မြစ်သားမြို့၌ ဆွဲကြိုးဖြတ်လုယူမှု(၁၀)မှု၊ ဆိုင်ကယ်ခိုးမှု(၁)မှု ဖေါ်ထုတ်ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 20:33 Rating: 5
Powered by Blogger.