သင်္ကြန်တွင်း နေရပ်ပြန် မြန်မာလုပ်သားများ ယာဉ်တိမ်းမှောက် (၅)ဦးသေဆုံး (၈)ဦး ဒဏ်ရာပြင်းထန်


ထိုင်း - မြန်မာနယ်စပ် မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီး ဆရာပက်​လက်​​တောင်​ အဆင်း မှာ ထိုင်းနိုင်ငံမှ အိမ်ပြန်မြန်မာလုပ်သား အများစု စီးနင်းတင်​​ဆောင်​လာတဲ့ Lite Truck ကား တစ်​စီး ဧပြီလ  ၃ ရက်နေ့ ယနေ့မွန်းလွဲပိုင်း အချိန်ခန့်တွင် ကားသမားအိပ်ငိုက်၍ မတော်တဆ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်ရာမှ ကျား၁ဦး ပွဲချင်းပြီးသေဆုံးပြီး နောက်ထပ် မ ၂ ဦးနှင့် ကျား ၂ ဦး လက်ရှိအချိန်အထိ စုစုပေါင်း(၅)ဦး မြဝတီဆေးရုံတွင် သေဆုံးသွားကြောင်း သိရပါသည်။


အဆိုပါကား လမ်း​ဘေးသို့ ထိုးကျ​ကြောင်း သတင်းရတာနဲ့ ​ပုလဲဖြူ လူမှုကယ်​ဆယ်​​ရေး အဖွဲ့ မှ ညီ​နောင်​ မြို့သစ်​ လူမှုကယ်​ဆယ်​​ရေး အဖွဲ့ နှင့်​ ဆက်​သွယ်​ပြီး အ​ရေး​ပေါ်ယာဉ်​ ​ပေါင်း ၆ စီးဖြင့် မြဝတီ ​ဆေးရုံသို့ ယနေ့နေ့လယ်ပိုင်းမှာ ကူညီပို့​ဆောင်​​ပေးခဲ့တယ် လို့ သိရပါသည်။


ယာဉ်​​မောင်းသူ အိပ်​ငိုက်နေ၍ အိမ်ပြန်မြန်မာလုပ်သားတစ်​ဦး မှ သီချင်းဖွင့် ပေးခဲ့သေးပေမယ့် နောက်​တစ်ကြိမ် ထပ်မံအိပ်ငိုက်ပြီး ကားများမကြာခဏ တိမ်းမှောက်လေ့ရှိတဲ့ အာရှလမ်းအပိုင်း ပက်လက်တောင်အဆင်းမှာ တိမ်း​မှောက်​​ လှိမ့်သွားကြောင်း သိရပါသည်​။

ဓာတ်ပုံ / Kohtaik (ကော့ကရိတ်Rescue)နှင့် Ko Lu Pyo
အဆိုပါ Lite Truck ကားပေါ်မှာ ခရီးသည်​ ၁၃ဦးခန့် တင်​​ဆောင်လာပြီး လက်ရှိအချိန်ထိ (၅)ဦးသေဆုံးပြီး (၈)ဦး ဒဏ်ရာပြင်းထန်ကြောင်းသိရပြီး ကျိုက်မရောမြို့နယ် လမုခိုကျေးရွာအုပ်စု မရင်းကုန်းကျေးရွာသား အများစုနှင့် ဖာသိမ်ကျေးရွာသားများ လိုက်ပါလာကြောင်း သိရှိရပါသည်။

သစ်ထူးလွင်

သင်္ကြန်တွင်း နေရပ်ပြန် မြန်မာလုပ်သားများ ယာဉ်တိမ်းမှောက် (၅)ဦးသေဆုံး (၈)ဦး ဒဏ်ရာပြင်းထန် သင်္ကြန်တွင်း နေရပ်ပြန် မြန်မာလုပ်သားများ ယာဉ်တိမ်းမှောက် (၅)ဦးသေဆုံး (၈)ဦး ဒဏ်ရာပြင်းထန် Reviewed by THITHTOOLWIN on 23:48 Rating: 5
Powered by Blogger.