ကျောက်တော်မှာ မိုးကြိုးထိမှန်ပြီး ဇနီးမောင်နှံသေဆုံး


ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ မိုးကြိုးထိမှန်ပြီး ဇနီးမောင်နှံ(၂)ဦးသေဆုံးခဲ့ပါတယ်။ အခုလ(၂၁)ရက် ညနေ(၅)နာရီလောက်က မိုးရွာနေစဉ် ယောင်္ကျားဖြစ်သူက နေအိမ်အမိုးစွန်းမှာ ရေချိုးနေပြီး မိန်းမဖြစ်သူက ထမင်းချက်နေစဉ် မိုးကြိုးပစ်ခတ်ထိမှန်သေဆုံးခဲ့တာပါ။

 ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျောက်တော်မြို့မရဲစခန်းက သေမှုသေခင်းနဲ့အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ သေဆုံးသူ(၂)ဦးရဲ့ ကျန်ရစ်သူမိသားစုတွေကိုလည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ငွေကျပ်(၅)သိန်း ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။

သတင်း/ဓာတ်ပုံ - စံမြတ်ရွှေ(5 Plus News)
5 Plus News
https://www.facebook.com/5plusnews
ကျောက်တော်မှာ မိုးကြိုးထိမှန်ပြီး ဇနီးမောင်နှံသေဆုံး ကျောက်တော်မှာ မိုးကြိုးထိမှန်ပြီး ဇနီးမောင်နှံသေဆုံး Reviewed by THITHTOOLWIN on 17:56 Rating: 5
Powered by Blogger.