အောင်လံမြို့တွင် ယာဉ်တိုက်မှုဖြစ်ပွားကာ ဆိုင်ကယ်မောင်းနှင်သူသေဆုံး


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့မှာ ဧပြီ(၈)ရက်မွန်းလွဲ(၁၂)နာရီခွဲခန့်က ယာဉ်တိုက်မှု ဖြစ်ပွားပြီး ဆိုင်ကယ်မောင်းနှင်သူ သေဆုံးသွားကြောင်း မြို့နယ်ရဲတပ်ဖွဲ့စခန်းကနေ သိရပါတယ်။

 ယာဉ်တိုက်မှု ဖြစ်စဉ်မှာ အောင်လံမြို့၊ မကျီးကုန်းရပ်ကွက်ဆာမိကုန်းကျောင်းတိုက် မုခ်ဦးရှေ့ ပြည်လမ်းမပေါ်မှာ ယာဉ်တိုက်မှုဖြစ်ပွားတာဖြစ်ပြီး အောင်လံကနေဆင်ပေါင်ဝဲမြို့နယ်ကိုးပင်ကျေးရွာကို မောင်းနှင်လာတဲ့နံပါတ်မပါ ZONGSHEN 110 အမျိုးအစားအနက်ရောင်ဆိုင်ကယ်နဲ့ ပြည်လမ်းအတိုင်း တစ်ဖက်ယာဉ်ကြောမှမျက်နှာချင်းဆိုင် မောင်းနှင်လာတဲ့ ယာဉ်အမှတ်ယာဉ်အမျိုးအစားမသိယာဉ်နဲ့ ယာဉ်တိုက်မှုဖြစ်ပွားတာဖြစ်ပါတယ်။


 အဲဒီယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်တိမ်းမှောက်ပြီး ဆိုင်ကယ်မောင်းနှင်သူသေဆုံးသွားပြီး ဆိုင်ကယ်နောက်မှာ လိုက်ပါလာသူဟာလည်း ထိခိုက်ဒဏ်ရာတွေရကာဆေးရုံတင်ပို့ထားရတယ်လို့ သိရပါတယ်။

 အဲဒီယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ဆိုင်ကယ်ယာဉ်မောင်း ကိုအောင်လံမြို့မရဲတပ်ဖွဲ့စခန်းက ယာဉ်(ပ)၁၃/၂၀၁၇ရာဇသတ်ကြီးပုဒ်မ၃၃၈/၃၀၄(က)နဲ့စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီသတင်းကို ညီမှူးအိမ်(အောင်လံ)ကပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb

အောင်လံမြို့တွင် ယာဉ်တိုက်မှုဖြစ်ပွားကာ ဆိုင်ကယ်မောင်းနှင်သူသေဆုံး အောင်လံမြို့တွင် ယာဉ်တိုက်မှုဖြစ်ပွားကာ ဆိုင်ကယ်မောင်းနှင်သူသေဆုံး Reviewed by THITHTOOLWIN on 18:03 Rating: 5
Powered by Blogger.