သုံးခွ ဧပြီ ၅
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့ နယ် ပျဉ်းမကန်ကျေးရွာအဝင် ကားလမ်း မိုင်တိုင်အမှတ် ၀/၅ အနီး၌ ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မှု ဧပြီ ၅ ရက် နံနက် ၁၀ နာရီခန့်က ဖြစ်ပွားခဲ့ရာ ဆေးကုသမှုခံယူစဉ် ယာဉ်မောင်းနှစ်ဦးစလုံး သေဆုံးခဲ့ကြောင်း သိရပါသည်။
ဖြစ်စဉ်မှာ ပျဉ်းမကန်ကျေးရွာဘက် တောင်မှ မြောက်သို့ ရဲမြင့် မောင်းနှင်းသည့် ဆိုင်ကယ်အမှတ် ၄၆ယ/၄၆၉၀ ဒိုင်ယမ်း ၁၁၀ အနက်ရောင်ဆိုင်ကယ်အား မောင်းနှင်လာစဉ် မျက်နှာချင်းဆိုင် မြောက်မှတောင်သို့ ကျော်ခိုင် မောင်းနှင်သည့် ဆိုင်ကယ်အမှတ် ၅၄ယ/၄၉၇၉၉ ကန်ဒါ ၁၂၅ အနက်ရောင် ဆိုင်ကယ်တို့ တိုက်မိကြရာ ရဲမြင့်တွင် မျက်နှာပွန်းပဲ့ဒဏ်ရာ၊ ပါးစပ်မှသွေးထွက်ဒဏ်ရာ နားမှသွေးထွက်ဒဏ်ရာ သတိလစ်မေ့မြောနှင့် ကျော်ခိုင် တွင် ပါးစပ်သွေးထွက် ဒဏ်ရာ သတိလစ်မေ့မြော နေကြ၍ ရဲဆေးစာဖြင့် ရန်ကုန်ဆေးရုံကြီးသို့ပေးပို့ အပ်ခဲ့ရာ နှစ်ဦးစလုံး အတွင်းလူနာ(စိုးရိမ်ရ)ဖြင့် ဆေးကုသမှုခံယူစဉ် ဆိုင်ကယ်မောင်းနှင်သူ နှစ်ဦးစလုံး သေဆုံးသွားကြောင်းနှင့် ဆိုင်ကယ်နှစ်စီးစလုံးမှာလည်း ရှေ့ပိုင်များပျက်စီးသွားကြောင်းသိရသည်။
ဆိုင်ကယ်တိုက်မှုနှင့်ပတ်သက်၍ သုံးခွမြို့ မရဲစခန်းမှ ဆိုင်ကယ်ယာဉ်မောင်း ရဲမြင့် အသက် ၄၉ နှစ်(လယ်လုပ်)ကံမြင့်ကျေးရွာနေသူနှင့် ကျော်ခိုင် အသက် ၄၀ နှစ်(ကျဘမ်း) ပျဉ်းမကန်ကျေးရွာနေသူတိုအား ယာဉ်(ပ) ၁၇/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ- ၃၀၄-က ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်းသိရသည်။
ကြည်စိုးလွင်-(သုံးခွ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

သုံးခွမြို့ နယ်တွင် ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိ ယာဉ်မောင်းနှစ်ဦးစလုံး သေဆုံး
Reviewed by THITHTOOLWIN
on
21:20
Rating: