ခရီးသည်ထံမှ ရွှေနှင့် ငွေလုယူသွားသူများအား အမြန်လမ်းမကြီးရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ ၂၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ


ဧပြီ ၂၁

၂၀-၄-၂၀၁၇ ရက်နေ့ နံနက် ၂နာရီအချိန် ဒေါ်ဦးသန်းတင် ဆန်ခါကျေးရွာ၊ ဖားကန့်မြို့နယ်၊ ကချင်ပြည်နယ် နေသူသည် ရခိုင်ပြည်နယ်၊ မြောက်ဦးရှိမိဘများထံမှ ပြန်လာသူ သည် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှထွက်ခွာလာသည့် မြောက်ဦး-မန္တလေး အကယ်ဒမီ မော်တော်ယာဉ်အသင်းမှ ယာဉ်ဖြင့်လိုက်ပါခဲ့ရာ ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန်အဝေးပြေးကားဂိတ်သို့ရောက်ရှိစဉ် အသက် ၁၈/၁၉ နှစ်ခန့်ရှိ လူငယ်တစ်ဦးမှ ဒေါ်ဦးသန်းတင်အား လိုက်ပို့ပေးမည်ဟုပြော၍ ၎င်းလူငယ်၏ယာဉ်ဖြင့် လိုက်ပါသွားခဲ့ရာ (၅)မိနစ်ခန့်အကြာ ကားရပ်၍ အနီး၌ အသင့်စောင့်နေသည့် နောက်ထပ် ယာဉ်(၁)စီးပေါ်သို့ ပြောင်းခိုင်းသဖြင့် ဒေါ်ဦးသန်းတင်မှ ပြောင်းစီးခဲ့ရာ ယာဉ်ပေါ်တွင် အမျိုးသား(၂)ဦးမှ မောင်းနှင်ခဲ့ပြီး လမ်းတွင် ပထမယာဉ်အား မောင်းနှင်ခဲ့သည့်လူငယ်မှ စောင့်နေသဖြင့် ၎င်းစီးနင်းလာသည့်ကားဖြင့် ခေါ်ဆောင်လာခဲ့သည်။

 ကားအား မောင်းနှင်လာပြီး မိနစ်(၂၀)ခန့်အကြာတွင် ယာဉ်မောင်းသူမှ ဒေါ်ဦးသန်းတင် ဆွဲထားသော ရွှေဆွဲသီးပါဆွဲကြိုး ၁ ကုံး၊ အလေးချိန် ၆ ကျပ်သားခန့် (တန်ဖိုးကျပ် ၄၈သိန်း )အား ဆွဲယူပြီးနောက် ရွှေထည်ပစ္စည်း (၇)မျိုးနှင့် ငွေ ၂၄၀၀၀၀ ကျပ် ပါရှိသည့် သားရေပိုက်ဆံအိတ်၊ စုစုပေါင်းတန်ဖိုး ၁၁၃၄၀၀၀၀ အား ခြိမ်းခြောက် တောင်းယူပြီး ဒေါ်ဦးသန်းတင်အား ကားပေါ်မှဆင်းခိုင်းခဲ့သဖြင့် ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် (ပ) ၂၉၄/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၂ အရအမှုဖွင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ တရားခံဖော်ထုတ် ဖမ်းဆီးရမိရေးအတွက် တိုင်းရဲအကူတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များ ၊ မန္တလေးခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ တပ်ဖွဲ့ဝင်များနှင့် နယ်ထိန်း တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် အဆိုပါနေ့ ည ၁၀ နာရီ ၅၀ အချိန် တိုင်းရဲအကူတပ်ဖွဲခွဲ တပ်ဖွဲ့ဝင်များသည် ပြစ်မှုကျူးလွန်ခဲ့သူ ၃ ဦးမှာ မန္တလေးမှ ရန်ကုန်သို့ ထွက်ခွာသွားသော ယာဉ်အမှတ် 7D-xxxx Express အရိန္ဒမာယာဉ်ဖြင့် လိုက်ပါသွားကြောင်း သတင်းရရှိသဖြင့် ပေပင်လေး အမြန်လမ်းမကြီးရဲစခန်းမှူးထံ ကူညီဖမ်းဆီးပေးရန် ဆက်သွယ်အကြောင်းကြားခဲ့သည်။

ပေပင်လေးအမြန်လမ်းမကြီးရဲစခန်းမှူးနှင့်အဖွဲ့မှ သက်သေများနှင့်အတူ မိုင်တိုင်အမှတ် ၂၆၂/၃ အနီးမှစောင့်နေစဉ် ည ၁၁ နာရီ ၀၅ အချိန် မန္တလေးမှ ရန်ကုန်သို့ မောင်းနှင်သော 7D-xxxx Express အရိန္ဒမာယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်လိုက်ပါလာသူ ပြည့်ဖြိုးအောင်(ခ)လက်ပွား ၂၂ နှစ်၊ ရဲဘော် စိုက်ခင်းရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်၊ နေမျိုးအောင် ၂၄ နှစ်၊ အုတ်စက်ဒေါနဘွားရပ်ကွက်၊ အောင်မြေသာစံမြို့နယ်နှင့် သန်းဌေးအောင် ၁၈ နှစ်၊ အောင်သာယာရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် နေသူတို့ ၃ ဦးအားသက်သေများနှင့်အတူရှာဖွေခဲ့ရာ ပြည့်ဖြိုးအောင်(ခ)လက်ပွား ၀တ်ဆင်ထားသော ပြောက်ကျားဘောင်းဘီရှည်ယာဘက် အောက်ခြေရှိ အိတ်အတွင်းမှ ခဲရောင်ဇစ်အိတ် အတွင်းထည့်လျက် လုယူခဲ့သည့် ပစ္စည်းများအား တွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး ၂၁-၄-၂၀၁၇ ရက်နေ့ နံနက် ၁ နာရီ ၂၅ အချိန် ပေပင်လေးအမြန်လမ်းမကြီးရဲစခန်းမှူးမှ တရားခံ ၃ ဦးအား ဒုရဲအုပ် ၀င်းညွန့်အောင် (ပြည်ကြီးတံခွန်မြို့မ ရဲစခန်း)နှင့် အဖွဲ့ထံသို့ သက်သေခံပစ္စည်းများနှင့်အတူ လွှဲပြောင်းပေးခဲ့ပြီး တရားခံများအား ပြည်ကြီးတံခွန် မြို့မရဲစခန်းတွင် အသေးစိတ်ထပ်မံစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ဓာတ်​ပုံ-တိုင်းရဲ
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
ခရီးသည်ထံမှ ရွှေနှင့် ငွေလုယူသွားသူများအား အမြန်လမ်းမကြီးရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ ၂၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ ခရီးသည်ထံမှ ရွှေနှင့် ငွေလုယူသွားသူများအား အမြန်လမ်းမကြီးရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ ၂၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 17:15 Rating: 5
Powered by Blogger.