![]() |
ရှောင်ဇေလီဇေး လမ်းမကြီးကို ပိတ်ချ ထား |
ရဲတွေကို ပစ်ခတ်ခဲ့တဲ့ သေနတ်သမားလည်း ရဲတပ်ဖွဲ့ လက်ချက်နဲ့ သေဆုံး သွားတယ်လို့ တချို့ သတင်းတွေက ပြောနေ ပါတယ်။
သေနတ်သမားနဲ့ ပတ်သက်တဲ့ အချက်အလက် တစုံတရာ မသိရ သေးပါဘူး။
ရှောင်ဇေလီဇေး လမ်းမကြီးကိုတော့ လူ အဝင်အထွက် မလုပ်နိုင်ဖို့ ပြင်သစ်ရဲတွေ ပိတ်ချ ထားပါတယ်။
လာမယ့် တနင်္ဂနွေနေ့ ဆိုရင် ပြင်သစ် သမ္မတ ရွေးကောက်ပွဲ ပထအ အဆင့် ကျင်းပဖို့ ရှိနေချိန်မှာ အခုလို ပစ်ခတ်မှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS သူတို့ လုပ်ဆောင်တာလို့ ကြေညာထားတဲ့ ၂ဝ၁၅ နိုဝင်ဘာလ ပဲရစ်မြို့ တိုက်ခိုက်မှုတွေ နောက်ပိုင်း အစ္စလာမ် အစွန်းရောက် ဂျီဟာ့ဒ်ဝါဒီတို့ရဲ့ အန္တရာယ် အပေါ် သမ္မတ ရွေးကောက်ပွဲ ကာလ အထူး သတိထား နေရပါတယ်။
BBC Burmese
http://www.bbc.com/burmese
ပဲရစ်မြို့လယ်မှာ သေနတ်နဲ့ ပစ်ခံရလို့ ရဲတစ်ဦး သေဆုံး
Reviewed by THITHTOOLWIN
on
03:06
Rating:
