တောင်သာ-ကျောက်ပန်းတောင်းလမ်း လိမ်ပင်တံတားလမ်းလွှဲ ရေတိုက်စားပျက်စီး


တောင်သာ ဧပြီ ၁၇

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း ရန်ကုန်-ပြည်-မ္တလေးလမ်း မိုင်တိုင်အမှတ်(၄၂၃/၃- ၄ ) ကြား၊ တံတားအမှတ်(၁/၄၂၄) (လိမ်ပင်တံတားတည်ဆောက်ဆဲ) တွင် လမ်းလွှဲအား ဧပြီ ၁၇ ရက် နံနက် ၆ နာရီခွဲက ရေတိုက်စား၍ ယာဉ်သွားလာမှု ခေတ္တပြတ်တောက်ခဲ့သည်။

အဆိုပါရေတိုက်စားမှုကို တံတား အထူးအ¸ (၅) မှ ပြုပြင်ဆောင်ရွက် လျက်ရှိပြီး ညနေ ၃ နာရီတွင် ယာဉ်များအဆင်ပြေချောမွေ့စွာဖြတ်သန်းသွား လာလျက်ရှိသည်။

တောင်သာမြို့နယ် တောင်သာ- ကျောက်ပန်းတောင်းလမ်းပေါ် ရှိ အေးရွာ ကျေးရွာအနီး အသစ်တည်ဆောက် လျက်ရှိသော လိမ်ပင်တံတားလမ်းလွှဲမှာ မိုးရွာသွန်းမှုများ၍ ရေတိုက်စားပျက်စီး ခဲ့မှုကို မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးဝေ လင်းထွန်း ဦးဆောင်မှုဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လမ်းဦးစီးဌာနနှင့် တံတားအဖွဲ့တာဝန်ရှိသူများ၊ ဝဲလောင် ရဲစခန်းနှင့် ဝဲလောင်မီးသတ်စခန်းတို့မှ တာဝန်ရှိသူများ စုပေါင်းဆောင်ရွက်မှုဖြင့် ယာဉ်နှင့် ဆိုင်ကယ်များဖြတ်သန်းနိုင်ခဲ့ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တောင်သာ-ကျောက်ပန်းတောင်းလမ်း လိမ်ပင်တံတားလမ်းလွှဲ ရေတိုက်စားပျက်စီး တောင်သာ-ကျောက်ပန်းတောင်းလမ်း လိမ်ပင်တံတားလမ်းလွှဲ ရေတိုက်စားပျက်စီး Reviewed by THITHTOOLWIN on 07:40 Rating: 5
Powered by Blogger.