လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၂၀)လုံးပြိုကျ၊ အိမ် ၂၅၀ ကျော်ပျက်စီး

လေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အဦနှင့် လူနေအိမ်များပျက်စီး
အင်္ဂပူ ဧပြီ ၅

ဟသာင်္တခရိုင်၊ လေးမျက်နှာမြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာ အုပ်စုတွင် ဧပြီ ၄ ရက်နေ့ ညနေ ၅ နာရီအချိန်က လေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အ ဦနှင့် လူနေအိမ်များ ပျက်စီးခဲ့ကြောင်းသိရသည်။


အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ဂွေးတောက်ကွင်းကျေးရွာ၌ RC-၁ ထပ်ပေ၆၀×ပေ၃၀ မူလတန်း ကျောင်း မျက်နှာကျက် အမိုးအုံ လိုက်ပွင့်ထွက် ခဲ့ပြီး ကွမ်းခြံကုန်းအနောက်ကျေးရွာ အလယ်တန်းကျောင်း (ခွဲ)တွင် အမိုးသွပ် အချပ်(၅၀)ခန့်လွင်ထွက်ပျက် စီးခြင်းနှင့် ကျေးရွာဆေးပေး ခန်းအိမ်သာ အမိုးပျက်စီးခြင်း၊ ဘုရားကုန်း ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆွမ်း စားဆောင် အမိုးပြိုကျပျက်စီးခြင်း၊ လူနေအိမ်(၂၀)လုံးပြိုကျ ပျက်စီးခြင်း နှင့် လူနေအိမ် (၂၅၀)တို့အမိုးအကာများ ပျက်စီးခဲ့သည်။


အဆိုပါ လေပြင်းတိုက်ခတ်သည့် ကျေးရွာသို့ ဧပြီ ၅ ရက်နေ့ နံနက် ၅ နာရီတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးစိုးသန်း၊ ခရိုင်ရဲတပ်ဖွဲ့ မှူးဒုတိယရဲမှူးကြီး တင့်ဝေ၊မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထူးထက်အောင် နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင် များ သွားရောက် ပြီးကူညီ ရှင်းလင်း လုပ်ငန်းများ ဆောင်ရွက်လျှက် ရှိကြောင်းနှင့် လူ၊တိရိစ္ဆာန်များ ထိခိုက်ပျက် စီးမှု မရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၂၀)လုံးပြိုကျ၊ အိမ် ၂၅၀ ကျော်ပျက်စီး လေပြင်းတိုက်ခတ်မှုကြောင့်  လူနေအိမ်(၂၀)လုံးပြိုကျ၊ အိမ် ၂၅၀  ကျော်ပျက်စီး Reviewed by THITHTOOLWIN on 17:00 Rating: 5
Powered by Blogger.