ဘုရားဖူး မော်တော်ဘုတ်နစ်မြုပ်မှုကြောင့် ရေနစ်ပျောက်ဆုံးနေသည့် မိန်းကလေး ရုပ်အလောင်း ပြန်တွေ့


မင်းပြား (April 14, 2017)

မနေ့က (13.4.2017) နံနက် (၃) နာရီ အချိန်ခန့်က မင်းပြားမြို့နယ် မေလွမ်းရွာအနီး ငါးဖမ်းပိုက်တွင်ငြိ၍ ဘုရားဖူးမော်တော်ဘုတ် နစ်မြုပ်ကာ ၇ ဦး သေဆုံးပြီး ၁ ဦး ပျောက်ဆုံးလျှက်ရှိရာ အဆိုပါ ပျောက်ဆုံးနေသည့် မြေပုံမြို့နယ် ရေခေါင်းချိန်ကျေးရွာမှ မဖြိုးမေ (၁၇-နှစ်) ၏ ရုပ်အလောင်းကို မော်တော်ဘုတ် နစ်မြုပ်ရာအနီး၌ပင် ယနေ့ (14.4.2017) နံနက် (၁၁) နာရီ အချိန်ခန့်က ရှာဖွေတွေ့ရှိခဲ့သည်ဟု သူမ၏ဖခင် ဦးစံရွှေမောင် ပြောကြားချက်အရ သိရသည်။

သူမ၏ ရုပ်အလောင်းအား ကောင်းမွန်စွာ သဂြိုလ်နိုင်ရန် မြေပုံမြို့နယ် ရေခေါင်းချိန်ရွာသို့ ယူဆောင်နိုင်ရေးအတွက် မင်းပြားမြို့နယ် နာရေးကူညီမှုဖောင်ဒေးရှင်းမှ ကူညီ ဆောင်ရွက်လျှက်ရှိသည်။

မင်းပြား - သတင်း
14 . 04 . 2017
https://www.facebook.com/mongbranews/
ဘုရားဖူး မော်တော်ဘုတ်နစ်မြုပ်မှုကြောင့် ရေနစ်ပျောက်ဆုံးနေသည့် မိန်းကလေး ရုပ်အလောင်း ပြန်တွေ့ ဘုရားဖူး မော်တော်ဘုတ်နစ်မြုပ်မှုကြောင့် ရေနစ်ပျောက်ဆုံးနေသည့် မိန်းကလေး ရုပ်အလောင်း ပြန်တွေ့ Reviewed by THITHTOOLWIN on 16:09 Rating: 5
Powered by Blogger.