မိုင်းကိုးအုပ်စု၊ မောရှီရွာအနီး တောင်ပေါ်၌ တရားမဝင် ရွှေတူးဖော်နေသူ မြန်မာနိုင်ငံသား ၃၂ ဦးနှင့် တရုတ်နိုင်ငံသား ၁၃ ဦးတို့အား အရေးယူ


တာချီလိတ် ဧပြီ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ မိုင်းကိုးအုပ်စု၊ မောရှီရွာ၍ တရားဝင်ခွင့်ပြုချက် အထောက်အထား တစ်စုံတစ်ရာ မရှိဘဲ တရားမဝင်ရွှေ သတ္တုများ တူးဖော်နေသည့် မြန်မာနိုင်ငံသား ၃၂ ဦးနှင့် ယိယန်မြို့၊ ဝိုးလန်ခရိုင်၊ ယူနန်ပြည်နယ်မှ တရုတ်နိုင်ငံသား အမျိုးသား ၁၃ ဦးတို့အား လုပ်ငန်းသုံး ယန္တရားပစ္စည်းများနှင့်အတူ မြန်မာ့ သတ္တုတွင်း ဥပဒေဖြင့် ဧပြီ ၁၁ ရက်နေ့ နံနက်ပိုင်းက အမှုဖွင့် အရေးထားကြောင်း အမှတ်(၂)သတ္တုတွင်းလုပ်ငန်းမှ သိရသည်။
''အရင်ကလည်း အဲဒီတောင်ပေါ်မှာ သွားရောက်စစ်ဆေးဖူးတယ်၊ ခြေရာလက်ရာဖျောက်ထားတော့ မတော့ရဘူး၊ ဒေသခံရွာသားတွေအကူအညီနဲ့ အခုလို့ ဖမ်းဆီး အရေးယူမှုတွေ ပြုနိုင်တယ်''ဟု အမှတ်(၂)သတ္တုတွင်းလုပ်ငန်းမှ တာဝန်ရှိသူက ပြောသည်။

ဖြစ်စဉ်မှာ ဧပြီ ၁ဝ ရက်နေ့ ညနေ ၅ နာရီ ၂ဝ မိနစ်ခန့်က အမှတ်(၂) သတ္တုတွင်းလုပ်ငန်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒုတိယလက်ထောက် ညွှန်ကြားရေးမှူး(စီမံ) ဦးထွန်းအောင်ကို၊ လက်ထောက်အင်ဂျင်နီယာ(သတ္တု) ဦးတင်မောင်သန်း တို့ ဦးစီးသောအဖွဲ့နှင့် တာချီလိတ်တပ်နယ်မှ ဗိုလ်မှူး အောင်မြင့်ကျော် ဦးစီးအဖွဲ့၊ တာချီလိတ်မြို့နယ်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း၊ တာချီလိတ်မြို့မရဲစခန်းမှ ဒုရဲအုပ် ကိုကိုဦး စီးအဖွဲ့၊ မိုင်းကိုးအုပ်စု အုပ်ချုပ်ရေးမှူး အဖွဲ့၊ မိုင်းကိုးပြည်သူစစ်အဖွဲ့တို့ပါဝင်သော ပူးပေါင်း အဖွဲ့သည် တရားမဝင် ရွှေသတ္တုတူးဖော်နေကြောင်း သတင်းအရ မိုင်းကိုးအုပ်စု၊ မောရှီ (လားဟူရွာ)အနီး တောင်ပေါ်သို့ သွားရောက်စစ်ဆေးရာ မင်းမင်းမှ ဦးဆောင်ကြီးကြပ် ၍ မြန်မာနိုင်ငံသား ၃၁ ဦး၊ တရုတ်နိုင်ငံသား ၁၃ ဦး၊ စုစုပေါင်း ၄၅ ဦးတို့မှ ရွှေသတ္တု တူးဖော်ရာတွင် အသုံးပြုသော လုပ်ငန်းသုံး ယာဉ်များဖြစ်သည့် Vigo အဖြူရောင် တစ် စီး၊Mishbishi အနက်ရောင် တစ်စီး၊ Chevrolet အနက်ရောင် တစ်စီး အပါအဝင် အခြားလုပ်ငန်းသုံး ယန္တရားပစ္စည်း(စိစစ်ဆဲ)များအား အသုံးပြု၍ တရားဝင် ခွင့်ပြုချက် အထောက်အထား တစ်စုံတစ်ရာ မရှိဘဲ တရားမဝင် ရွှေသတ္တုများ တူးဖော်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

အမှုမှ အထောက်အထား တစ်စုံတစ်ရာ မရှိဘဲ တရားမဝင် ရွှေသတ္တုများ တူးဖော်နေသူ မင်းမင်း(၂၄ နှစ်)၊ ကျော်ဇင်ထွန်း (၃၁ နှစ်)၊ ဖြိုးမင်းအောင် (၂၃ နှစ်)၊ ရတနာလင်း (၂၁ နှစ်)၊ ပေါလု (၂၄ နှစ်)၊ ယာထူ (၅ဝ နှစ်)၊ ယောအီလှ (၂၅ နှစ်)၊ ထက်ထက်အောင် (၂၅ နှစ်)၊ တင်မောင်ထွေး (၄၃ နှစ်)၊ ဇော်မင်းထိုက် (၂၅ နှစ်)၊ စိုးဝင်း (၄၇ နှစ်)၊ ဂေ့မူ (၂၆ နှစ်)၊ ညီပေါက် (၁၇ နှစ်)၊ လဲမီး (၁၇ နှစ်)၊ စေမ (၂ဝ နှစ်)၊ ရှဲန်မွေလ (၂၈ နှစ်)၊ ကျော်ခိုင် (၁၉ နှစ်)၊ နေလင်းအောင် (၂၁ နှစ်)၊ ခင်မောင်ထူး(၂၉ နှစ်)၊ မြတ်ဇော် (၃ဝ နှစ်)၊ အောင်မျိုးဝင်း (၄၇ နှစ်)၊ ကျော်ဟိန်း (၄၅ နှစ်)၊ နေမျိုးအောင် (၁၉ နှစ်)၊ စောတားတု (၃ဝ နှစ်)၊ ကျရှော (၇ဝ နှစ်)၊ အိုင်ဆီး (၂၅ နှစ်)၊ ကျရှော (၂၇ နှစ်)၊ အားန (၂၆ နှစ်)၊ ဂျောရှည် (၁၈ နှစ်)၊ ရှီးမွန် (၄၅ နှစ်)၊ ဟောရှာရ (၃ဝ နှစ်)၊ မြင့်စိုး (၂ဝ နှစ်) မြန်မာနိုင်ငံသားအမျိုး ၃၂ ဦးနှင့် Huang Lifan (၃၃ နှစ်)၊Lin Qingxing (၃၁ နှစ်)၊ Liu Shengmin (၂၇ နှစ်)၊Tan Sihe (၅၇ နှစ်)၊Deng Zhengxin (၃ဝ နှစ်)၊ Liu Di (၂၉ နှစ်)၊Yu Jian Jun (၄၁ နှစ်)၊Wu Dingxiang (၄၃ နှစ်)၊ Zhang Aisheng (၄၆ နှစ်)၊Xiao Hong Liang (၃၁ နှစ်)၊Xiao Hong Liang (၃၁ နှစ်)(ဘ)ရှောင်ကွေ့စံ၊ Xiao Hou Youxing (၃၁ နှစ်)(ဘ) ဦးဆုန်ရုန်စံ၊ ရှဲန် ကုတ်ကြုံ(၂၉ နှစ်) ယူနန်ပြည်နယ်မှ တရုတ်နိုင်ငံသား ၁၃ ဦး၊ စုစုပေါင်း ၄၅ ဦးတို့အား အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ တရားလိုပြုလုပ် တိုင်တန်းရာ တာချီလိတ်မြို့မရဲစခန်းက အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မိုင်းကိုးအုပ်စု၊ မောရှီရွာအနီး တောင်ပေါ်၌ တရားမဝင် ရွှေတူးဖော်နေသူ မြန်မာနိုင်ငံသား ၃၂ ဦးနှင့် တရုတ်နိုင်ငံသား ၁၃ ဦးတို့အား အရေးယူ မိုင်းကိုးအုပ်စု၊ မောရှီရွာအနီး တောင်ပေါ်၌ တရားမဝင် ရွှေတူးဖော်နေသူ မြန်မာနိုင်ငံသား ၃၂ ဦးနှင့် တရုတ်နိုင်ငံသား ၁၃ ဦးတို့အား အရေးယူ Reviewed by THITHTOOLWIN on 19:38 Rating: 5
Powered by Blogger.