မြောက်ပိုင်း ၃ ဖွဲ့နဲ့ အစိုးရတွေ့မယ်

ကချင်ဘာသာရေး ခေါင်းဆောင်တွေနဲ့ ဒေါ်စုတွေ့ခဲ့
မြန်မာ အစိုးရ ရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်က ကေအိုင်အေ မပါဘဲ ကျန်တဲ့ မြောက်ပိုင်း လက်နက်ကိုင် မဟာမိတ် သုံးဖွဲ့ဖြစ်တဲ့ TNLA ပလောင်အဖွဲ့ ၊ MNDAA ကိုးကန့်နဲ့ AA ရခိုင် အဖွဲ့ တို့နဲ့ မကြာခင် တွေ့ဆုံ ဆွေးနွေးဖို့ ရှိတယ်လို့ TNLA က ပြောပါတယ်။

UWSA နယ်မြေ ပန်ခမ်းမှာ ကျင်းပနေတဲ့ တိုင်းရင်းသား ညီလာခံမှာ NCA လမ်းကြောင်း ပြင်ပ ကနေ တိုင်းရင်းသားလက်နက်ကိုင်တွေ အတွက် ကိုယ်စားပြု ဆွေးနွေးဖို့ အဖွဲ့ ၇ ဖွဲ့ပါ ကော်မတီ တစ်ရပ် ဖွဲ့စည်းဖို့လည်း သဘောတူခဲ့ ကြတယ်လို့ TNLA က ပြောပါတယ်။

အဲဒီ အဖွဲ့တွေက UWSA ဝ အဖွဲ့၊ NDAA မိုင်းလားအဖွဲ့၊ ကေအိုင်အေ ကချင် လွတ်လပ်ရေး အဖွဲ့၊ SSPP/SSA ရှမ်းပြည် တိုးတက်ရေး ပါတီ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း၊ TNLA ပလောင်အဖွဲ့ ၊ MNDAA ကိုးကန့်နဲ့ AA ရခိုင် အဖွဲ့ တို့ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
မြောက်ပိုင်း ၃ ဖွဲ့နဲ့ အစိုးရတွေ့မယ် မြောက်ပိုင်း ၃ ဖွဲ့နဲ့ အစိုးရတွေ့မယ် Reviewed by THITHTOOLWIN on 19:40 Rating: 5
Powered by Blogger.