ကားမူး၍ အန်ရာမှ အမျိုးသမီးတစ်ဦးကားပေါ်မှ ပြုတ်ကျသေဆုံး


ပေါက်မြို့နယ်၊ ညောင်ဝန်းကျေးရွာအနီးတွင် ဧပြီ(၆)ရက်နေ့က အမျိုးသမီးတစ်ဦး ကားပေါ်မှပြုတ်ကျသေဆုံး ခဲ့ကြောင်း ရေပြာနယ်မြေရဲစခန်းမှ သိရသည်။

 ဧပြီ(၆)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပေါက်မြို့နယ်၊ရေပြာတိုက်နယ်ဆေးရုံမှ ယာဉ်ပေါ်မှ ပြုတ်ကျသေဆုံးနေသည့် အလောင်းတစ်လောင်းရောက်ရှိလာကြောင်းသတင်းအရ ရေပြာနယ်မြေရဲစခန်းမှူး ရဲအုပ် စိုးခိုင် သွားရောက်စစ်ဆေးခဲ့သည်။

 ကမ္မမြို့မှ ဈေးဝယ်ပြီး ညောင်ဝန်းကျေးရွာသို့ ကြည်ဇော်၊၃၁နှစ်၊ ညောင်ဝန်းမြောက်ကျေးရွာနေ သူမောင်းနှင်ပြီး မမိခိုင်၊၃၁နှစ်၊ညောင်ဝန်းကျေးရွာနေသူမှာ ကားခေါင်းခန်းမှ လိုက်ပါလာသော ၈ဇ/------အစိမ်း ရောင်(၄)ဘီး ဂျစ်ခါးရှည်ယာဉ်သည် ညောင်ဝန်းကျေးရွာအဝင် လမ်းအရောက်တွင် မမိခိုင် မှ ကားမူး၍ အပြင်ဘက်သို့ခေါင်း ထုတ်၍ အန်ရာ ဟန်ချက်ပျက်ကာ ကားပေါ်မှပြတ်ကျပြီး မမိခိုင်တွင် နဖူးယာဘက်အစပ်ဖူးရောင်၊ ယာတံတောင်ဆစ်ပွန်းခြစ် ဒဏ်ရာများ ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အမှုစစ်၏ စစ်ဆေးချက်အရသိရသည်။

 ဖြစ်စဉ်နှင့်ပက်သက်၍ ယာဉ်မောင်း ကြည်ဇော်အား အရေးယူပေးရန် ရဲအုပ် စိုးခိုင် မှ တိုင်ကြားခဲ့၍ ပေါက်မြို့နယ်၊ရေပြာနယ်မြေရဲစခန်းမှ ယာဉ်(ပ)၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့်အမှုဖွင့်ထားသည်။

ကျော်ဇေယျ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကားမူး၍ အန်ရာမှ အမျိုးသမီးတစ်ဦးကားပေါ်မှ ပြုတ်ကျသေဆုံး ကားမူး၍ အန်ရာမှ အမျိုးသမီးတစ်ဦးကားပေါ်မှ ပြုတ်ကျသေဆုံး Reviewed by THITHTOOLWIN on 23:03 Rating: 5
Powered by Blogger.