ဘုရားဖူးမော်တော်ယာဉ်တစ်စီး လမ်းချော်၍ လမ်းဘေးရှိ ဓါတ်တိုင်အား တည့်တည့် ဝင်ရောက်တိုက်မိ


သုဝဏ္ဏဝတီမြို့ ဧပြီ ၁၈

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ ဒုံဝန်းကျေးရွာအုပ်စု ကမာစိုင်ကျေးရွာအနီး၌ ဧပြီ ၁၈ ရက် နံနက် ၅နာရီခွဲ အချိန်ခန့်က ဘုရားဖူးမော်တော်ယာဉ်တစ်စီး လမ်းချော်၍ လမ်းဘေးရှိ ဓါတ်တိုင်အား တည့်တည့် ဝင်ရောက်တိုက်မိကြောင်း သိရသည် ။


အခင်းဖြစ်ရာသို့ ဒုံဝန်းရဲစခန်းမှ ရဲကင်းမှူး ရဲအုပ်စံရွှေထွန်း နှင့်တာဝန်ရှိသူများ သွားရောက်စစ်ဆေးရာ ရန်ကုန် - မော်လမြိုင် အဝေးပြေးကားလမ်းမ ပေါ်ရှိ တံတားအမှတ် (၂/၁၃၄) အနီး၌ သထုံမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့ ယာဉ်မောင်း ဦးမျိုးမင်း (ရွှေပြည်ရန်အောင်ရပ်ကွက် ပျော်ဘွယ်မြို့) မောင်းနှင်လာသည့် Hijet အမျိုးအစား အဖြူရောင်ယာဉ် အမှတ် MDY.9M/3673 မော်တော်ယာဉ်သည် အဆိုပါနေရာအရောက်တွင် အိပ်ငိုက်သွား၍ လမ်းဘေးရှိ 33 KV သထုံ-ဘီးလင်း ဓါတ်အားလိုင်းအား ဝင်ရောက်တိုက်မိပြီး ယာဉ်ပေါ်လိုက်ပါလာသူ ၈ ဦးအနက် ၃ဦး ထိခိုက်ဒဏ်ရာ ( မစိုးရီမ်ရ) ရရှိသွားသဖြင့် သုဝဏ္ဏဝတီမြို့ ( Rescue ) အဖွဲ့များက သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည် ။


 ပြတ်တောက်သွားသော လျှပ်စစ်ဓါတ်အားလိုင်းအား မြန်မာ့လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ အမြန်ဆုံး လျှပ်စစ်မီးပြန်လည်ရရှိရန် ဆောင်ရွှက်နေပြီး ယာဉ်ကို ပေါ့ဆစွာမောင်းနှင်သူ ဦးမျိုးမင်း အား သိမ်ဆိပ်နယ်မြေရဲစခန်းမှ စစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည် ။

ခွန်(ဝင်းပ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဘုရားဖူးမော်တော်ယာဉ်တစ်စီး လမ်းချော်၍ လမ်းဘေးရှိ ဓါတ်တိုင်အား တည့်တည့် ဝင်ရောက်တိုက်မိ ဘုရားဖူးမော်တော်ယာဉ်တစ်စီး လမ်းချော်၍ လမ်းဘေးရှိ ဓါတ်တိုင်အား တည့်တည့် ဝင်ရောက်တိုက်မိ Reviewed by THITHTOOLWIN on 20:01 Rating: 5
Powered by Blogger.