ခန္ဓာကိုယ် အလေးချိန် ၅ဝဝ ကီလိုဂရမ်ရှိ အီဂျစ်နိုင်ငံသူကို အိန္ဒိယဆရာဝန်များ အောင်မြင်စွာခွဲစိတ်နိုင်ခဲ့


နယူးဒေလီ ၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

ခန္ဓာကိုယ်အလေးချိန် ၅ဝဝ ကီလိုဂရမ်ရှိ အီဂျစ်နိုင်ငံသူတစ်ဦးကို ၄င်းခန္ဓာကိုယ်အလေးချိန် ထက်ဝက်ထိ လျှော့ချနိုင်အောင် အိန္ဒိယနိုင်ငံရှိ ပုဂ္ဂလိက ဆေးရုံတစ်ခုမှ ဆရာဝန်များက အောင်မြင်စွာ ခွဲစိတ်ပြုပြင် ပေးနိုင်ခဲ့ကြောင်း သိရသည်။

မွမ်ဘိုင်းမြို့ ရှိ Saifee ပုဂ္ဂလိက ဆေးရုံမှ တာဝန်ရှိသူများက ပြောကြားရာတွင် ကမ္ဘာ့ ကိုယ်ခန္ဓာအဝဆုံး အမျိုးသမီးတစ်ဦးအဖြစ် ရပ်တည်နေသည့် အသက် ၃၆ နှစ်အရွယ်ရှိ အီဂျစ်နိုင်ငံသူ Eman Ahmed Abd El Aty အား ခန္ဓာကိုယ်အလေးချိန် ၂၅ဝ ကီလိုဂရမ်ထိ ရောက်ရှိသွားအောင် ခွဲစိတ်ပြုပြင် ပေးနိုင်ခဲ့ကြောင်း ဆိုသည်။

“ အရွယ်အစားသေးသွယ်သွားတဲ့ သူ့ ခန္ဓာကိုယ်ကို ကြည့်ပြီး ပျော်ရွှင်နေတယ်။ အခုတော့ သူဟာ ဘီးတပ်ကုလားထိုင်(wheelchair) ကို အသုံးပြုပြီး သွားလာလို့ ရပါပြီ” ဟု Abd El Aty ၏ ခန္ဓာကိုယ်ကို ၂၅ဝ ကီလိုဂရမ်အထိ ရောက်ရှိအောင်မြင်စွာ ခွဲစိတ်ပေးခဲ့သော ဆေးရုံဆရာဝန်က ဆိုသည်။

Abd El Aty အား ခွဲစိတ်ရန်အတွက် ဖေဖော်ဝါရီလတွင် အီဂျစ်နိုင်ငံမှ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းသို့ ခေါ်ဆောင်လာခဲ့ကြောင်း နှင့် ၄င်းအား ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာ Muffazal Lakdawala က အောင်မြင်စွာခွဲစိတ်ပေးခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

China Xinhua News
ခန္ဓာကိုယ် အလေးချိန် ၅ဝဝ ကီလိုဂရမ်ရှိ အီဂျစ်နိုင်ငံသူကို အိန္ဒိယဆရာဝန်များ အောင်မြင်စွာခွဲစိတ်နိုင်ခဲ့ ခန္ဓာကိုယ် အလေးချိန် ၅ဝဝ ကီလိုဂရမ်ရှိ အီဂျစ်နိုင်ငံသူကို အိန္ဒိယဆရာဝန်များ အောင်မြင်စွာခွဲစိတ်နိုင်ခဲ့ Reviewed by THITHTOOLWIN on 16:53 Rating: 5
Powered by Blogger.