ကွန်တိန်နာယာဉ်များပေါ်မှ ဘတ္ထရီအိုးများ အကြိမ်ကြိမ်းခိုးယူသူကို ဖမ်းဆီးမိ

ကွန်တိန်နာယာဉ်များပေါ်မှ ဘတ္ထရီအိုးများ အကြိမ်ကြိမ်းခိုးယူသူကို အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးအရေးယူ
ရန်ကုန်၊ ဧပြီ ၂၆

၂၀.၄.၂၀၁၇ ရက်နေ့ ၁၂၀၀ အချိန်ခန့်တွင် အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း ခိုးမှု၊ ခါးပိုက်နှိုက်မှု၊ လုယက်မှုကျူးလွန်သူများ ဖမ်းဆီးရမိရေးအတွက် သတင်းစုံစမ်းဆောင်ရွက်နေစဉ် အလုံမြို့နယ်၊ ကမ်းနားလမ်း၊ သခင်မြပန်းခြံရှေ့ရှိ ကားမှတ်တိုင်အနီးတွင် ခိုးမှုဖြင့်ထောင်ကျဖူးသူ ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်နေ ကိုသက်၊ (၂၁)နှစ်အား တွေ့ရှိသဖြင့် ထိန်းသိမ်းခေါ်ယူပြီး မေးမြန်းခဲ့ရာ ၎င်းမှ ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း နံနက် ၂နာရီ ခွဲအချိန်ခန့်တွင် အလုံမြို့နယ်၊ သခင်မြပန်းခြံအနီး ကွန်ကရစ်လမ်းမပေါ်တွင် ရပ်ထားသော ကွန်တိန်နာယာဉ် (၂)စီးမှ N 120 အမျိုးအစား ဘတ္ထရီအိုး (၂)လုံးနှင့် N 150 အမျိုးအစား ဘတ္ထရီအိုး(၂)လုံးတို့အား ခိုးယူရောင်းချထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် အလုံမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူခဲ့ပြီး သက်သေခံပစ္စည်းများပြန်လည်သိမ်းဆည်းနိုင်ခဲ့ပါသည်။

အမှုဖြင့် အရေးယူထားသူ ကိုသက်အား အခြားခိုးမှုများကျူးလွန်ထားခြင်း ရှိ/မရှိ ထပ်မံစစ်ဆေးခဲ့ရာ ၂၀၁၇ခုနှစ်၊ ဧပြီလနှင့် မတ်လများအတွင်း နံနက် ၂နာရီခွဲအချိန်တိုင်းတွင် အလုံမြို့နယ်၊ ထော်လီကွေ့အနီး ကွန်ကရစ် လမ်းမပေါ်တွင် ရပ်ထားသောကွန်တိန်နာယာဉ်များမှ N 120 အမျိုးအစားဘတ္ထရီအိုး (၂)လုံးနှင့် N 150 ဘတ္ထရီအိုး (၂) လုံးတို့အားလည်းကောင်း၊ ဆိပ်ကမ်းမြို့နယ်၊ ဗိုလ်တထောင်ဘုရားအနီး ကွန်ကရစ်လမ်းမပေါ်တွင် ရပ်ထားသော ကွန်တိန်နာယာဉ်များမှ N 120 အမျိုးအစား ဘတ္တရီအိုး(၂)လုံးနှင့် N 150 ဘတ္ထရီအိုး (၂) လုံးတို့အားလည်းကောင်း၊ ၎င်းနေရာအနီး၌ပင် ရပ်ထားသောကွန်တိန်နာယာဉ်များမှ N 120 အမျိုးအစား ဘတ္ထရီအိုး (၂)လုံးနှင့် N 150 ဘတ္ထရီအိုး (၂) လုံးတို့အားလည်းကောင်း ခိုးယူရောင်းချထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုများအသီးသီးရေးဖွင့်ကာ သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/
ကွန်တိန်နာယာဉ်များပေါ်မှ ဘတ္ထရီအိုးများ အကြိမ်ကြိမ်းခိုးယူသူကို ဖမ်းဆီးမိ ကွန်တိန်နာယာဉ်များပေါ်မှ ဘတ္ထရီအိုးများ အကြိမ်ကြိမ်းခိုးယူသူကို ဖမ်းဆီးမိ Reviewed by THITHTOOLWIN on 10:53 Rating: 5
Powered by Blogger.