ပွင့်ဖြူ ဧပြီ ၇
မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ်၊ မအူလေးပင်ကျေးရွာအနီး၊ ပုသိမ်-မုံရွာသွားကားလမ်းမပေါ်တွင် ဧပြီလ (၆)ရက်နေ့ ည(၈)နာရီက ယာဉ်ခြင်းတိမ်းရှောင်စဉ်ပွတ်တိုက်မိရာမှ လူတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ဧပြီလ (၆)ရက်နေ့ ည (၈) နာရီက ပွင့်ဖြူမြို့နယ် မအူလေးပင်ကျေးရွာအနီး ပုသိမ်-မုံရွာသွား ကားလမ်းမပေါ် မိုင်တိုင်အမှတ် (၂၉၅/၁)နှင့် (၂၉၅/၂)အကြားတွင် တောင်မှမြောက်သို့ ယာဉ်မောင်း ကျော်ဇေဇေ၀င်း မောင်းနှင်လာသော ယာဉ်အမှတ် ၊ MGY 2K /5517 FORLAND အပြာရောင်( ကုန်တင်ယာဉ် ) မော်တော်ယာဉ်နှင့် မြောက်မှ တောင်သို့ ယာဉ်မောင်း ယဉ်အောင် မောင်းနှင်လာသော (ဘုရားဖူးယာဉ်)ယာဉ်အမှတ်၊ 8L/3887 LIGHT TRUCK အဖြူရောင် မော်တော်ယာဉ်တို့သည် ယာဉ်ခြင်းတိမ်းရှောင်စဉ် ပွတ်တိုက်မိရာမှ LIGHT TRUCK အဖြူရောင် မော်တော်ယာဉ်နောက်ခန်းတွင် လိုက်ပါလာသော မိုးဝင်းနှင့် စိုးမိုးကျော်တို့တွင် ဒဏ်ရာများရရှိခဲ့ပြီး စိုးမိုးကျော်မှာ အခင်းဖြစ်နေရာတွင် ရရှိဒဏ်ရာများဖြင့် သေဆုံးသွားသည်။
ယာဉ်အား မဆင်မခြင် ပေါ့လျော့စွာ မောင်းနှင်ပွတ်တိုက်မိ၍ လူအား ဒဏ်ရာရရှိ/သေဆုံးစေသူ ယာဉ်မောင်း ကျော်ဇေဇေ၀င်းနှင့် ယဉ်အောင်တို့အား ပွင့်ဖြူမြို့မ ရဲစခန်းမှ ယာဉ်(ပ) ၁၂/၂၀၁၇ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၄-က/၃၃၈ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်လျက်ရှိ ကြောင်းသိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ယာဉ်ခြင်း တိမ်းရှောင်စဉ် ပွတ်တိုက်မိရာမှ သေဆုံးမှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
21:07
Rating:
