ရွှေတိဂုံမှာ ဈေးရောင်းတဲ့ မွတ်ဆလင်ကို သံဃာတွေ တားဆီး

ဘုရား စောင်းတန်းမှာ ဘာသာခြားတွေ ဈေးရောင်းတာ မျိုးချစ် သံဃာများ မလိုလား
ဧပြီလ ၁၇ ရက် မြန်မာ နှစ်ဆန်း တစ်ရက်နေ့က ရွှေတိဂုံဘုရားမှာ အစ္စလာမ် ဘာသာဝင် ကိုသန်းနိုင်ဦး ဈေးရောင်း နေတာကို မြန်မာ မျိုးချစ် ရဟန်းတော်များ အဖွဲ့က သံဃာ တချို့က ပိတ်ပင် တားဆီးခဲ့ ပါတယ်။

ဈေးရောင်းခွင့် မရှိဘူးလို့ ပြောဆိုပြီးနောက် ဗဟန်းမြို့နယ် ထဲက ဘုန်းကြီးကျောင်းကို ခေါ်သွားပြီး မျက်နှာကို နှစ်ချက် ရိုက်နှက်ခဲ့တယ်လို့ ကိုသန်းနိုင်ဦးက ပြောပါတယ်။

နောက်ပိုင်းမှာ သူရောင်းတဲ့ မျက်မှန် ၁၀၀ ကျော်ကို သိမ်းဆည်း ထားလိုက်ပြီး ပြန်လိုချင်ရင် နောင်ကို အဲဒီ နေရာမှာ ဈေးမရောင်း ပါဘူးဆိုတဲ့ ခံဝန် ကတိ ရေးထားတဲ့ စာကို လက်မှတ်ရေးထိုး ယူလာရမယ်လို့ သံဃာတွေက ပြောလိုက် ပါတယ်။

ဒါပေမဲ့ ဧပြီလ ၁၈ ရက် ညနေပိုင်းမှာ ဗဟန်း ရဲစခန်းက သူ့ကို ဆက်သွယ်လာပြီး ပစ္စည်းတွေ ပြန်ယူလို့ ရပြီလို့ ပြောကြောင်း ကိုသန်းနိုင်ဦးက ပြောပါတယ်။

မြန်မာ မျိုးချစ် ရဟန်းတော်များအဖွဲ့ (ရန်ကုန်) ရဲ့ အတွင်းရေးမှူး ဦးသုစိတ္တ ကတော့ ဗုဒ္ဓ ဘာသာဝင်တွေ အထွဋ် အမြတ် ထားတဲ့ ဘုရားမှာ ဗုဒ္ဓ ဘာသာ ဈေးသည်တွေကိုသာ မြင်ချင်ပြီး မွတ်ဆလင် တွေကို မရောင်းစေချင်တဲ့ အတွက် ခွင့်မပြုဖို့ အရင် အစိုးရနဲ့ အခု အစိုးရထံကို ပန်ကြား ထားခဲ့ပြီး ဖြစ်တယ်လို့ မိန့်ပါတယ်။

ရွှေတိဂုံ ဘုရားနဲ့ ရန်ကုန်က တန်ခိုးကြီး ဘုရားတွေကို IS အစ္စလာမ္မစ်အစွန်းရောက်တွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ရှိနိုင်တယ်လို့ ကြေညာထားတဲ့ အတွက် ရွှေတိဂုံ စေတီတော်ကြီး လုံခြုံရေးနဲ့ အခါကြီး ရက်ကြီးမှာ ကောင်းမှု ကုသိုလ် လုပ်ကြတဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို စိုးရိမ်လို့ မွတ်ဆလင်တွေကို တားမြစ်ရတာ ဖြစ်တယ်လို့ လည်း သူက ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ