(၂၂-၄-၂၀၁၇)ရက်နေ့  ဧပြီလ ၂၂ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ် အချိန်ခန့် က တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီ မြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စု ၊ သဘော့လိပ် ကျေးရွာရှိ သဘော့လိပ်ဘုန်းကြီးကျောင်းတွင် ဒေါ်သောင်းရီ(၅၀)နှစ်၊ သဘော့လိပ်ကျေးရွာနေသူ မှ လှူဒါန်းကျွေးမွေသော ကင်းမွန်ဟင်း၊ ပုစွန်ချဉ်၊ ကြက်သား/အာလူး၊ ပဲသီးသနပ်၊ ငရုပ်ကောင်းဟင်းချို တို့ ကို သဘော့လိပ်ကျောင်းထိုင် ဆရာတော် ဦးတေဇောဘာသနှင့် ရှင်သာမဏေ(၆)ပါးနှင့် ကျေးရွာသူ/သား ကျား(၁၀)ဦး၊ မ(၂၀)ဦးတို့မှ စားသောက်ခဲ့ရာ နံနက် ၁၀ နာရီ အချိန်ခန့် တွင် ဝမ်းသွားပြီး အော့အန်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါ အစာအဆိပ်သင့်မှုဖြစ်ပွားသော ရွာသူ/သားများနှင့် သံဃာတော်များအား ညောင်ပင်ကွင်း ကျေးရွာ ကျေး/လတ်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးကျော်ဆန်းနှင့်အဖွဲ့ ခမရ(၅၆၁) တပ်ရင်းမှ ဗိုလ်မှူး မြတ်သူ ဦးစီး ဆေးတပ်ဖွဲ့ဝင်များမှ ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးခဲ့ရာ ကျန်းမာရေးအခြေအနေကောင်းမွန်လာပြီဖြစ်ကြောင်း အစာအဆိပ်သင့်မှုဖြစ်ပွားရာသို့ တနင်္သာရီမြို့နယ် ခေတ္တမြို့နယ်မှူး ဒုရဲမှူး တင်အောင်နှင့်အဖွဲ့များ ၊ တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးအောင်ကျော်ဟိန်းနှင့် လွှတ်တော် ကိုယ်စားလှယ် များမှ သွားရောက် အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
မြိတ်ခရိုင်သတင်းနှင့် မှုခင်းမီဒီယာ
သစ်ထူးလွင်
တနင်္သာရီမြို့နယ်၊ သဘော့လိပ်ကျေးရွာတွင် အစာအဆိပ်သင့်မှု ဖြစ်ပွား
Reviewed by THITHTOOLWIN
on
18:22
Rating:
