လားရှိုးမြို့နယ်အတွင်း တရားမ၀င်သစ်များနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ


နေပြည်တော်၊ ဧပြီ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းသည် ဧပြီ ၁၁ ရက် ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် လားရှိုးမြို့၏ အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာရှိ နမ်ပေါင်ကျေးရွာအနီး၌ ဟိုယမှ လားရှိုးဘက်သို့ မောင်းနှင်လာသော မသင်္ကာဖွယ် ပါကျဲရိုးအမျိုးအစားယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းဦးကျော်မိုး(ဘ) ဦးစိုင်းအိုက်လိုင်နှင့်အတူ ဦးစိုင်းမောင်ရွှေ (ဘ)ဦးအိုက်ပေါင်းတို့အား ၉ မမပစ္စတို ၁လက်၊ ၉ မမကျည် ၈ တောင့်၊ ကျည်အိမ် ၁ ခု၊ တရားမ၀င် ပိတောက်တုံး ၁၂ တုံး (ခန့်မှန်း ၁ တန်ခန့်) (ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၃၀ ခန့်)၊ လမ်းလျှောက် စကားပြောစက် ၁ လုံး၊ ဖုန်း ၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။


အလားတူ ယနေ့နံနက် ၂ နာရီ ၃၀ မိနစ်ခန့်တွင် လားရှိုးမြို့၏မြောက်ဘက် ၈ မိုင်ခန့်အကွာရှိ ပန်ဖရွာကျေးရွာအနီး လားရှိုး-သိန္နီ ပြည်ထောင်စုလမ်းမကြီးပေါ်၌ စိုးပိုင်(ဘ)ဦးလှမောင် မောင်းနှင်ပြီး ယာဉ်နောက်လိုက် ဇော်ဇော်အောင် (ဘ)ဦးမိုးဦး လိုက်ပါစီးနင်းလာသော FUSO အမျိုးအစား ၁၂ ဘီးယာဉ်ပေါ်တွင် တရားမ၀င် ပိတောက်သစ်ခွဲတုံး ဆိုဒ်စုံ ၁၀ တုံး၊ (ခန့်မှန်း ၆ ဒသမ ၅ တန်ခန့်)(တန်ဖိုးငွေ ၁၇ သိန်းကျော်)၊ ဖုန်း ၁ လုံးနှင့် မြန်မာကျပ်ငွေ ၁၀၇၀၀၀ တို့အား ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ယနေ့နံနက် ၃ နာရီ ၂၀ မိနစ်ခန့်တွင် လားရှိုးဘက်မှ သိန္နီဘက်သို့ ဖြိုးနန္ဒအောင်(ဘ)ဦးရဲဝင်း မောင်းနှင်လာသော ကင်တာအမျိုးအစား ၆ ဘီးယာဉ်ပေါ်မှ ပြောင်းဖူး/စပါးခွံအိတ်များအောက်တွင် ၀ှက်၍ သယ်ဆောင်လာသော ရင်းတိုက်သစ်ခွဲတုံး ဆိုဒ်စုံ ၃၄ တုံး( ၁ ဒသမ ၈ တန်ခန့်)(ခန့်မှန်းတန်ဖိုးငွေ ၁၀ သိန်းကျော်)နှင့် မြန်မာကျပ်ငွေ ၁၀၄၀၀၀ ကျပ်တို့အား ဖမ်းဆီးရမိခဲ့သည်။

၎င်းအပြင် လားရှိုးမြို့၏ အရှေ့ဘက် ၈ မိုင်ခန့်အကွာရှိ လားရှိုး-မုံးယော် ကားလမ်းပေါ်သို့ ယနေ့နံနက် ၈ နာရီခန့်တွင် မုံးယော်ရွာဘက်မှ မောင်းနှင်လာသော အိုက်လျန်(ဘ) ဦးစိန်ဝင်း မောင်းနှင်လာသည့် စူပါကပ်စတန်အမျိုးအစား ယာဉ်အား ရပ်တန့်စစ်ဆေးရာ တမလန်းသစ် စကွဲယားတုံးဆိုဒ်စုံ ၃၀ တုံး(ခန့်မှန်း ၁ ဒသမ ၃ တန်ခန့်)(ခန့်မှန်းတန်ဖိုး ၂၆ သိန်းခန့်)အား ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူများ၊ မော်တော်ယာဉ်များ၊ လက်နက်ခဲယမ်းများနှင့် တရားမ၀င်သစ်များအား လားရှိုးမြို့ရဲစခန်း၊ နမ်ပေါင်ရဲစခန်းနှင့် လားရှိုးမြို့သစ်တောဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
လားရှိုးမြို့နယ်အတွင်း တရားမ၀င်သစ်များနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ လားရှိုးမြို့နယ်အတွင်း တရားမ၀င်သစ်များနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 22:30 Rating: 5
Powered by Blogger.