မျိုးသုဉ်း ဆင်တမျိုးရဲ့ အစွယ်တွေ တရုတ်နယ်စပ်မှာ သိမ်းဆည်းမိ

ဆိုင်ဘေးရီးယားဒေသက အမွှေးရှည် ဆင်ကြီးတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း တထောင်ကျော်လောက်ကတည်းက မျိုးသုဉ်းလု နီးပါးဖြစ်ခဲ့
တရုတ်နိုင်ငံမှာ ဆင်စွယ် မှောင်ခိုသမားတွေဆီကနေ နှစ်ပေါင်း ထောင်ပေါင်းများစွာက မျိုးသုဉ်းသွားပြီ ဖြစ်တဲ့ ဆင်တမျိုးရဲ့ အစွယ် တတန်ကျော်လောက်ကို တရုတ် အကောက်ခွန်အဖွဲ့ဝင်တွေက သိမ်းဆည်းမိခဲ့ပါတယ်။

အဲဒီ ဆင်စွယ်တွေဟာ ရုရှားနိုင်ငံ အရှေ့မြောက်ပိုင်း ဆိုင်ဘေးရီးယားဒေသက အောက်မြေလွှာ အမြဲအေးခဲနေတဲ့ ရေခဲပြင်မှာ တွေ့ရတတ်တဲ့ အမွှေးရှည် ဆင်ကြီး တမျိုးရဲ့ အရိုးစုကနေ ထုတ်ယူထားတဲ့ ဆင်စွယ်တွေ ဖြစ်ပါတယ်။

ရုရှားနဲ့ တရုတ်နိုင်ငံအကြား ဆင်စွယ် အရောင်းအဝယ်လုပ်ငန်း ကြီးထွားလာနေရာမှာ မှောင်ခိုသမားတွေက အဲဒီ ဆင်ကြီးတွေရဲ့ အရိုးစုရုပ်ကြွင်းတွေကို တူးဖော်ပြီး ဆင်စွယ်တွေ ဖြတ်ယူနေကြတာပါ။

ဒီဆင်စွယ် လုပ်ငန်းအပေါ် နိုင်ငံတကာက တားမြစ်ပိတ်ပင်ထားတာမျိုး မရှိပဲ တရုတ်နိုင်ငံ လောင်ဘေးနယ်စပ်မြို့မှာ အဲဒီ ဆင်စွယ်ပုံတွေကို ဘာ့ကြောင့် သိမ်းဆည်းခဲ့တာလဲ ဆိုတာကိုတော့ အသေအချာ မသိရသေးပါဘူး။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ