![]() |
မြောက်ကိုရီးယားနိုင်ငံ တည်ထောင်သူ ကင်အီဆွန်၏ နှစ် ၁၀၀ ပြည့်မွေးနေ့ အခမ်းအနားကို ၂၀၁၂ ခုနှစ် ဧပြီလ ၁၅ ရက်က ပြုလုပ်စဉ် (ဆင်ဟွာ) |
မြောက်ကိုရီးယားနိုင်ငံ တည်ထောင်သူ ကင်အီဆွန်း၏ ၁၀၅ နှစ်ပြည့်မြောက်သည့် မွေးနေ့ပွဲအား ယနေ့ (ဧပြီလ ၁၅ ရက်) တွင် မြောက်ကိုရီးယားနိုင်ငံတွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
ပြုံယမ်းမြို့လယ်ရှိ ဂရင်းပလာဇာသို့ စစ်သားများက ချီတက်လာကာ ခေါင်းဆောင်ဟောင်း ကင်၏ သင်္ကေတအဖြစ် နေမင်း ပုံသဏ္ဍာန် သရုပ်ဖော်ပြသခဲ့သည်။
မြောက်ကိုရီးယား သမ္မတ ကင်ဂျုံအွန်နှင့် နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များလည်း အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
မြောက်ကိုရီးယားအပေါ် တိုက်ခိုက်ဖွယ်ရှိသည်ဟူသော အမေရိကန်၏ ခြိမ်းခြောက်မှုရှိနေသည့် စစ်ရေး တင်းမာမှုမြင့်နေသည့်ကြားမှ ယခုနှစ် အခမ်းအနားကို ကျင်းပနေခြင်းလည်း ဖြစ်ကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
ကင်အီဆွန်း၏ ၁၀၅ နှစ်မြောက် မွေးနေ့ နှစ်ပတ်လည် အခမ်းအနား မြောက်ကိုရီးယားတွင် စတင်ကျင်းပ
Reviewed by THITHTOOLWIN
on
18:18
Rating:
