အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် ဘတ်စ်ကားတစ်စီး မြစ်ထဲသို့ ပြုတ်ကျ၊ လူပေါင်း ၄၄ ဦးသေဆုံး


ဟီမာချယ်ပါရာဒေ့ရှ် ဧပြီ ၁၉

အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် ဘတ်စ်ကားတစ်စီးသည် တောင်ပတ်လမ်း တစ်နေရာ၌ အရှိန်လွန်ကာ ကျောက်နံရံကို တိုက်မိပြီး မီတာ ၃ဝဝ အမြင့်မှ မြစ်ထဲသို့ ပြုတ်ကျနစ်မြုပ်ခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။

ဧပြီ ၁၉ ရက် နံနက် ၁၁ နာရီတွင် လူ ၄၆ ဦး သယ်ဆောင်မောင်းနှင်လာသည့် အဆိုပါဘတ်စ်ကားသည် ကျောက်နံရံကို တိုက်မိကာ မြစ်ထဲပြုတ်ကျခဲ့ကြောင်းနှင့် ယင်းဖြစ်ရပ်ကြောင့် လူပေါင်း ၄၄ ဦး သေဆုံးခဲ့ရကြောင်း ဟီမာချယ် ပါရာဒေ့ရှ် ပြည်နယ်အာဏာပိုင်များက ပြောကြားခဲ့သည်။

မြစ်ထဲနစ်မြုပ်သွားသော ဘတ်စ်ကားအပျက်အစီးများအောက်တွင် ပိမိနေသူများအား ကယ်ဆယ်ရေးလုပ်သားများက ကယ်ဆယ်လျက်ရှိသည်။ လိုက်ပါစီးနင်းခဲ့သည့် ခရီးသည်များတွင် နိုင်ငံခြားသားခရီးသည်များ ပါဝင်မှုမရှိကြောင်း သိရသည်။

မတော်တဆမှုဖြစ်ပွားခဲ့သည့် လမ်းပိုင်းနေရာသည် မော်တော်ယာဉ် နှစ်စီးမောင်းနှင်ရန် နေရာကျဉ်းလွန်းလှကြောင်းနှင့် အဆိုပါဘတ်စ်ကားသည် ယခုလမ်းပိုင်းကို နေ့စဉ် မောင်းနှင်အသုံးပြုလျက်ရှိကြောင်း ခရီးသည်များ၏ ပြောကြားချက်အရ သိရသည်။ သို့သော် ယခုဖြစ်ပွားခဲ့သော မတော်တဆမှုသည် ယာဉ်မောင်း၏ ပေါ့ဆမှုကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်နိုင်ခြေရှိသည်ဟု ရဲအရာရှိများက သံသယရှိသည်။

အင်န်အိတ်ခ်ျကေ။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ