ကျောင်းကုန်း ဧပြီ ၁၉
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် သစ်ဆိမ့်ကုန်းအုပ်စု ကျောင်းကုန်းမြစ်ကူးတံတားအနီး ဒါးကမြစ်ချောင်းအတွင်း ဧပြီ ၁၉ ရက် ညနေ ၅ နာရီ မိနစ် ၄ဝ ခန့်က လူသေအလောင်းတစ်လောင်း တွေ့ရှိခဲ့သည်။
ဒုရဲအုပ်သန့်ဇင်သည် ကျောင်းကုန်းမြို့မရဲစခန်းတွင် တာဝန်မှူးတာဝန် ဆောင်ရွက်နေစဉ် သစ်ဆိမ့်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဌေးက ဖုန်းဖြင့် ဆက်သွယ်၍ ကျောင်းကုန်းမြစ်ကူးတံတားအနီး ဒါးကမြစ်ချောင်းအတွင်း၌ လူသေ အလောင်းတစ်လောင်းတွေ့ရှိကြောင်း အကြောင်းကြားချက်အရ သွားရောက် စစ်ဆေးရာ သေဆုံးနေသူမှာ ကိုဝင်းဦး(၅ဝနှစ်) ဗောဓိကုန်းရပ် သစ်ဆိမ့်ကုန်း အုပ်စု ကျောင်းကုန်းမြို့နယ်နေသူဖြစ်ကြောင်း၊ သေဆုံးမှုနှင့်ပတ်သက်၍ စစ်ဆေး ဆောင်ရွက်နိုင်ရန် ကျောင်းကုန်းဆေးရုံသို့ ပို့ထားပြီး ကျောင်းကုန်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဒါးကမြစ်ချောင်းအတွင်း လူသေအလောင်း တစ်လောင်းတွေ့ရှိ
Reviewed by THITHTOOLWIN
on
11:02
Rating:
