မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဧပြီလ ၁၂ ရက်နေ့ ထုတ်ပြန်ကြေညာချက်ကို တွေ့ရစဉ်။ Photo: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန |
ဒီကနေ့မနက်ပိုင်း ခန့်မှန်းချက်အရ အဲဒီမုန်တိုင်းဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဦးတည်နေတဲ့ အတွက် ရခိုင်၊ မကွေး တိုင်းဒေသကြီးတွေမှာ မိုးရွာနိုင်တယ်လို့ ဒေါက်တာဦးထွန်းလွင် က ပြောပါတယ်။
‘’ မုန်တိုင်းကတော့ လောလောဆယ် ရခိုင်မြောက်ဖက်ကို သွားမယ်လို့ ခန့်မှန်းထားတယ်၊ ဒါပေမယ့် ဝင်ခါနီးမှာ အားတော့လျှော့သွားမယ်ဆိုတော့ ဆိုးဆိုးဝါးဝါးတော့ မဖြစ်လောက်ဘူး၊ မိုးတော့ရွာမယ့် သဘောရှိတာပေါ့ဗျာ၊ အဓိကတော့ ရခိုင်ပေါ့ဗျာ။ ရခိုင်တို့ မကွေးတို့ ရွာသွားနိုင်တာပေါ့၊ ဒီသတင်း နေ့တိုင်းတင်နေမှာပဲလေ၊ အခါကြီး ရက်ကြီးပေမယ့်လည်း သက်ဆိုင်တဲ့သူတွေကတော့ စောင့်ကြည့် ပါလို့၊ အပြောင်းအလဲရှိနိုင်တယ်လို့’’ မုန်တိုင်း သတိပေးချက်တွေကိုလည်း အချိန်နဲ့တပြေးညီ လူမှုကွန်ရက်စာမျက်နှာမှာ တင်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါ တယ်။
ဒါ့အပြင် အပူချိန်အနေနဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတောင်ပိုင်း၊ ဧရာဝတီမြောက်ပိုင်းနဲ့ ပခူးတိုင်း မြောက်ပိုင်းဒေ သတွေမှာ ၄၀ ကနေ ၄၂ ဒီဂရီစင်တီဂရိတ်အတွင်းမှာ ရှိနေနိုင်မှာဖြစ်ပြီး ကျန်ဒေသ တွေကလည်း ပျမ်းမျှ ၃၅ ကနေ ၄၀ ဒီဂရီစင်တီဂရိတ်အတွင်းမှာ ရှိနေနိုင်တယ်လို့ ပြောပါတယ်။
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းကတော့ လောလောဆယ်တစ်ပြည်လုံးအတိုင်းအတာအရ လွန်ကဲတဲ့ အဆင့်မှာ ရှိနေတယ်လို့ သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
သင်္ကြန်ကာလအတွင်း မိုးရွာနိုင်
Reviewed by THITHTOOLWIN
on
18:14
Rating: