နမ္မတူ ဧပြီလ(၂၂)ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ နမ္မတူ-ဆိုက်ခေါင်ကျေးရွာအကြားတွင် ဧပြီလ(၂၂)ရက်နေ့ နံနက်(၈း၅၀)နာရီအချိန်က SUZUKI ခွေးဘီလူးကားတစ်စီးလမ်းဘေးသို့ထိုးကျတိမ်းမှောက် ခဲ့ပါသည်။
ဖြစ်စဉ်မှာယာဉ်မောင်း ဦးလှဝင်း၊ (ဘ)ဦးအီစွတ်၊ ၁၃/နမတ(နိုင်) ၀၄၄၃၆၁ မောင်းနှင်လာသောအဖြူရောင် SUZUKI ခွေးဘီလူး၊ ယာဉ်အမှတ် SHN/ 9H-2121 သည် နမ္မတူမြို့မှ ဆိုက်ခေါင်ကျေးရွာသို့ သွပ်ပြားများပို့ပြီးအပြန်တွင် နမ္မတူ-ဆိုက်ခေါင်လမ်းအ၀င် ၀င်းမြင့်ဗိုလ်ကုမ္ပဏီအနီးကားလမ်းပေါ်တွင် နံနက်(၈း၅၀)နာရီအချိန်ကခွေး(၃)ကောင်အားတိမ်းရှောင်ရာမှ ခွေးတစ်ကောင်အားတိုက်မိပြီးအရှိန်လွန်ကာကားလမ်းဘေးသို့ ထိုးကျတိမ်းမှောက်ခဲ့ပါသည်။
ယင်းတိမ်းမှောက်မှုကြောင့် ကားရှေ့လေကာမှန်၊ ရှေ့ဘေးနှစ်ဘက်မှန်၊ ယာဉ်မောင်ဘက်အခြမ်းနှင့် ကားဝဲဘက်နောက်ဘီးပေါက်များ ပျက်စီးဆုံးရှုံးခဲ့ကာတိုက်မိသောခွေးမှာသေဆုံးသွားခဲ့ပါသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုအားနမ္မတူမြို့နယ်ရဲစခန်းမှ တာဝန်ယူစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
ဓါတ်ပုံ - ချစ်မွှေး နမ္မတူ
ကျောက်မဲခရိုင်ပြန်/ဆက်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
နမ္မတူမြို့တွင် ကားတစ်စီးအရှိန်လွန် တိမ်းမှောက်
Reviewed by THITHTOOLWIN
on
19:34
Rating:
