ဂွ ဧပြီ(၉)
ရခိုင်ပြည်နယ် သံတွဲခရိုင် ဂွမြို့၊ မြို့မရပ်ကွက်၊ ဇလပ်ဖြူလမ်းနှင့် ခွါညိုလမ်းထောင့် တွင် ဆီထမင်းချက်သည့် မီးကြွင်းမီးကျန်များမှတဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ လူနေအိမ်(၂)လုံး မီးလောင်ဆုံးရှုံးခဲ့ ကြောင်းသိရသည်။
ဖြစ်စဉ်မှာဧပြီ(၉)ရက်နေ့ နံနက်(၇)နာရီခွဲအချိန်တွင် ဂွမြို့ ၊မြို့မရပ်ကွက်၊ ဇလပ်ဖြူလမ်းနှင့် ခွါညိုလမ်းထောင့်နေ မုန့်လုပ်ငန်းလုပ်ကိုင်သူ ဦးစိုးဝင်း(ခ)ဦးဗိုက်ကြီးနေအိမ်၏ ဆီထမင်းချက် သည့်မီးကြွင်းမီးကျန်များမှ မီးစတင်လောင်ကျွမ်းခဲ့ပြီးထိုမှတဆင့် ၎င်း၏ဘေးအိမ်ဖြစ်သောဒေါ်ခင်သန်း ၏ နေအိမ်သို့ မီးကူးစက်လောင်ကျွမ်းခဲ့သည်။
အဆိုပါမီးလောင်ကျွမ်းရာနေရာသို့ အချိန်မီ မီးငြိမ်းသတ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှမီးသတ်ယာဉ်များ၊ နယ်မြေခံတပ် ရင်းတပ်ဖွဲ့ဝင်များ၊ အနီးပတ်ဝန်းကျင်ရှိဒေသခံပြည်သူများမှ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြရာနံနက် (၇)နာရီ(၄၅)အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
အဆိုပါမီးလောင်ကျွမ်းမှုကြောင့် ဦးစိုးဝင်း(ခ)ဦးဗိုက်ကြီး၏ နေအိမ်သွပ်မိုး၊ပျဉ်ကာ၊တစ် ထပ်(၁၆ပေ×၄၈ပေ×၁၅)နှင့်ဒေါ်ခင်သန်း ၏နေအိမ် ဓနိမိုး၊ထရံကာ(၁၆ပေ×၃၆×၁၅ပေ)မှာ မီးလောင်ဆုံးရှုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်(၂၅၀၀၀ဝိ/-) တန်ဖိုးဖြစ်ပြီး လူနှင့်တရိစ္ဆာန်ထိခိုက် ဒါဏ်ရာရရှိခဲ့မှု မရှိခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဂွမြို့၌ မီးလောင်မှုဖြစ်ပွား ၊ လူနေအိမ်(၂)လုံးမီးလောင်ဆုံးရှုံး
Reviewed by THITHTOOLWIN
on
21:37
Rating:
