ကျိန္တလီ ဧပြီ ၉
ရခိုင်ပြည်နယ် သံတွဲခရိုင် ကျိန္တလီမြို့ စေတီကွင်းကျေးရွာအနီးပင်လယ်ကမ်းစပ်တွင် ဧပြီ ၉ ရက် နံနက် ၁ဝနာရီက ဝေလငါးတစ်ကောင်သေဆုံးတွေ့ရှိရကြောင်း သိရသည်။
မြို့နယ်အုပ်ချုပ်ရေးမှူး၊ ငါးလုပ်ငန်းဦးစီးမှူးနှင့်ဌာနဆိုင်ရာများ၊ စေတီကွင်းအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများအဖွဲ့တို့သည် သွားရောက်စစ်ဆေးရာ အဆိုပါဝေလငါးမှ သေဆုံးပြီးကမ်းစပ်တွင်သောင်တင်နေကြောင်းတွေ့ရှိရသည်။
ငါးလုပ်ငန်းဦးစီးဌာနမှ ဝေလငါးအရိုးရရှိရေး လုပ်ထုံးလုပ်နည်းနှင့်အညီ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
စေတီကွင်းကျေးရွာအနီး ဝေလငါးတစ်ကောင် သေဆုံးတွေ့ရှိ
Reviewed by THITHTOOLWIN
on
21:50
Rating:
