ပုသိမ်မြို့ တွင် ဆိုင်ကယ်ဖြင့် ပိုက်ဆံအိတ်လုသူ (၃) ဦး ဖမ်းမိ


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ တွင် (၉.၄.၂၀၁၇) ရက်နေ့ ည (၇) နာရီအချိန်ခန့်က ဒေါ်စောမြတ်မွန် ၄၇ နှစ် ငဝန်ကျွန်းသာ (၅) လမ်းနေသူသည် ပုသိမ်မြို့မှ မင်းကြီးလမ်းအတိုင်း စက်ဘီးဖြင့် ပြန်လာစဉ် မီးသတ်ရုံးရှေ့ အရောက်တွင် အမည်မသိ လူငယ်(၃) ဦးစီးနင်းလာ သော ဆိုင်ကယ်မှ ကပ်ကာ စက်ဘီးရှေ့ခြင်းအတွင်း ထည့်ထားသော ပိုက်ဆံအိတ်အား ဆွဲယူ ပြေးသွားကြောင်း သိရှိရပါသည်။


ထိုလုယက်မှုသတင်း ရလျှင် ရခြင်း စခန်းမှူး ဦးဆောင်လျက် ပုသိမ်မြို့အတွင်း အဖွဲ့များခွဲလျက် လိုက်လံစုံစမ်းခဲ့ရာ ည (၉) နာရီခန့်တွင် ရဲအုပ် ဇော်မင်းထွန်း ခေါင်းဆောင်သော နယ်ထိန်း အဖွဲ့မှ ပုသိမ်မြို့ ရွက်ဝါလက်ဘက်ရည်ဆိုင်ရှေ့တွင် ယခင်က ယခုကဲ့သို့ ဆိုင်ကယ်ဖြင့် သိန်း(၂၀) ကျော်ဆွဲယူသော အမှုဖြင့် ထောင် (၆) လကျခံပြီး ၂၀၁၇ မတ်လက ထောင်မှ လွတ်လာသူ ဖိုးဇော် အုတ်စိကုန်းရွာ နေသူအား တစ်ရွာတည်းနေ ငထော် ၂၀ နှစ်၊ ဇော်မျိုးထိုက် ၂၀ နှစ်တို့ နှင့်အတူ ဆိုင်ကယ်တစ်စီးဖြင့် ဖမ်းဆီးရမိခဲ့သည်။


၎င်းတို့အား စစ်ဆေးရာ ပြစ်မှုကျုးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုပြီး ဆွဲယူရာမှ ရရှိသောဖုန်း ငွေ နှင့် လွင့်ပစ်ခဲ့သော အိတ်တို့အား လိုက်လံသိမ်းဆည်းခဲ့သည်။

တရားခံများအား ပုသိမ်မြို့တွင် နောက်ထပ် ယခုကဲ့သို့ ပြစ်မှုများ ကျူးလွန်းခြင်းရှိ/ မရှိအား စစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း ပုသိမ်သူ/သားများအား သိစေအပ်ပါသည်။


P.s တရားခံ ဖိုးဇော်မှာ ၂၀၁၆ ခုနှစ် ၉ လပိုင်းခန့်က အပေါင်းအဖော် (၄) ဦးနှင့်အတူ ကင်မလင်းကျွန်းရထားလမ်းဘေးတွင် သွားနေသော ပန်းရံလင်မယားထံမှ ငွေ (၂၀) သိန်းခန့် ခိုးဖြင့် ကျွန်တော်တို့ ဖမ်းဆီး ထောင် (၆) လကျခံကာ ယခု ၂၀၁၇ မတ်လ အတွင်း ထောင်မှ လွတ်လာသော တရားခံ တစ်ဦးပါ။ ယခု ပြန်လည်ဖမ်းဆီးရာ အင်းအားသုံးဖမ်းဆီးခဲ့ရပါသည်။

သတင်း - ဓါတ်ပုံ - Zaw Min Tun
သစ်ထူးလွင်

ပုသိမ်မြို့ တွင် ဆိုင်ကယ်ဖြင့် ပိုက်ဆံအိတ်လုသူ (၃) ဦး ဖမ်းမိ ပုသိမ်မြို့ တွင် ဆိုင်ကယ်ဖြင့် ပိုက်ဆံအိတ်လုသူ (၃) ဦး ဖမ်းမိ Reviewed by THITHTOOLWIN on 03:27 Rating: 5
Powered by Blogger.