မိုးညှင်းမြို့နယ်တွင် ယာဉ်တိမ်းမှောက် သံဃာတစ်ပါးပျံလွန်တော်မူခဲ့ပြီး လူ ၁ဝ ဦး ထိခိုက်ဒဏ်ရာရ


မိုးညှင်း ဧပြီ ၁၉

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် လုံးတုံနယ်မြေအတွင်းရှိ နန့်မွန်းကျေးရွာအရှေ့တောင်ဘက် လေးမိုင်ခန့်အကွာ မိုးညှင်း-နန့်မွန်းကားလမ်း ကပ်ကျော်တောင်ပေါ်တွင် တည်ထားသော စေတီတော်ဋ္ဌာပနာပိတ်ပွဲမှအပြန် ဧပြီ ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ယာဉ်မောင်းဦးလောဟူ နန့်မွန်း ကျေးရွာနေသူ မောင်းနှင်လာသော ယာဉ်အမှတ် 5B/----- သည် တောင်ကုန်းအဆင်းလမ်းကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်ခဲ့ရာ သံဃာတစ်ပါးပျံလွန်တော်မူခဲ့ပြီး လူ ၁ဝ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။


နန့်မွန်းကျေးရွာ နန့်မွန်းကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်သူ ဦးကဝိန္ဒသည် ဒဏ်ရာရရှိကာ ပျံလွန်တော်မူပြီး ဦးလောဟူ၊ မောင်ဇော် လင်းဦး၊ မောင်နိုင်ဝင်းထွန်း၊ မောင်ဝင်းခိုင်၊ ဦးသန်းရွှေ၊ ဦးတင်မြင့်၊ မောင်ဂျက်မောင်မောင်၊ ဦးတင်လှိုင်၊ မောင်စိုင်းမင်းအောင်၊ ဦးညွန့်အောင် တို့ ဒဏ်ရာအသီးသီးရရှိခဲ့သဖြင့် မိုးညှင်းပြည်သူ့ ဆေးရုံသို့ တာဝန်ရှိသူများနှင့် ပရဟိတအဖွဲ့များက ကူညီပို့ဆောင်ပေးခဲ့ကြပြီး ယာဉ်မောင်းအား မိုးညှင်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

ဓါတ်ပုံ- Mingalar Oo
ခင်မောင်ဆွေ(မော်လူး)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မိုးညှင်းမြို့နယ်တွင် ယာဉ်တိမ်းမှောက် သံဃာတစ်ပါးပျံလွန်တော်မူခဲ့ပြီး လူ ၁ဝ ဦး ထိခိုက်ဒဏ်ရာရ မိုးညှင်းမြို့နယ်တွင် ယာဉ်တိမ်းမှောက် သံဃာတစ်ပါးပျံလွန်တော်မူခဲ့ပြီး လူ ၁ဝ ဦး ထိခိုက်ဒဏ်ရာရ Reviewed by THITHTOOLWIN on 10:35 Rating: 5
Powered by Blogger.