သင်္ကြန်အကျနေ့ အရေးပေါ်လူနာနှင့် သေဆုံးသူဦးရေ များပြား


မဟာသင်္ကြန် အကျနေ့မှာ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကုသမှုဌာနကို အရေးပေါ်လူနာ ရောက်ရှိမှုဟာ အရင်နှစ် သင်္ကြန်အကျနေ့ထက် အရေအတွက် ပိုမိုများပြားသလို သေဆုံးသူ အရေအတွက်လည်း များပြားလာတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသမှုဌာန လက်ထောက် ညွှန်ကြားရေးမှူးရဲ့ ပြောကြားချက်အရ သိရပါတယ်။

 မနှစ်က သင်္ကြန်အကျ နေ့ အရေးပေါ်လူနာ ရောက်ရှိမှုဟာ စုစုပေါင်း (၁၅၀) ကျော်ရောက်ရှိခဲ့ပြီး သေဆုံးသူ(၁) ယောက်သာရှိခဲ့ကာ အခုနှစ် သင်္ကြန်အကျနေ့မှာတော့ အရေးပေါ်လူနာ ရောက်ရှိ မှုဟာ (၁၈၀) ကျော်ရှိကာ သေဆုံးသူ(၄) ယောက်ရှိခဲ့တဲ့အတွက် မနှစ်ကနဲ့ နှိုင်းယှဉ်ပါက သေဆုံးသူဦးရေနဲ့ အရေးပေါ်လူနာရောက်ရှိမှုဟာ များပြားနေတာ ဖြစ်တယ်လို့ သိရပါတယ်။

 သင်္ကြန်အကျနေ့ အရေးပေါ်လူနာရောက်ရှိမှုထဲမှာ ထူးခြားဖြစ်စဉ်အနေနဲ့ ပြည်လမ်း မြန်မာ့အသံရုံးရှေ့ ဆူဇူးကီးကားတိမ်းမှောက်မှုကြောင့် လူ(၃) ဦးသေဆုံးခဲ့တယ်လို့ အရေးပေါ်ကုသမှုဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ခင်သိဂီ င်္မြင့် ကပြောပါ တယ်။

 သင်္ကြန်ကာလအတွင်း သင်္ကြန်အကြိုနေ့နဲ့ သင်္ကြန်အကျနေ့တွေရဲ့ အရေးပေါ်လူနာရောက်ရှိမှု အခြေအနေတွေထဲမှာ ယာဉ်မတော်တဆဖြစ်စဉ်ကြောင့် ထိခိုက်မှုတွေနဲ့ သေဆုံးမှုတွေများပြားနေတာကြောင့် သင်္ကြန်ကာလအတွင်း လည်ပတ်ကြမယ့် သူတွေအနေနဲ့ ယာဉ်တွေကို အရက်သေစာ မသောက်စားဘဲ သတိပြုမောင်းနှင်ဖို့အရမ်း အရေးကြီးတယ်လို့ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ခင်သိဂီ င်္မြင့် ကအကြံပြုပြောကြားပါတယ်။

 သင်္ကြန်အကျနေ့ အရေးပေါ်လူ နာရောက်ရှိမှုတွေထဲမှာ ယာဉ်တိုက်မှုကြောင့် အယောက်(၈၀)၊ အချင်းချင်းထိခိုက်ဒဏ်ရာရရှိမှု ကြောင့် (၂၇) ဦး၊ အခြားအရေးပေါ် အခြေအနေတွေကြောင့် (၇၄) ယောက် ဖြစ်တယ်လို့ သိရပါတယ်။ ဒီသတင်းကို Central News Bureau ကအေးမိစံ နဲ့ ယမင်းချိုတို့ ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
သင်္ကြန်အကျနေ့ အရေးပေါ်လူနာနှင့် သေဆုံးသူဦးရေ များပြား သင်္ကြန်အကျနေ့ အရေးပေါ်လူနာနှင့် သေဆုံးသူဦးရေ များပြား Reviewed by THITHTOOLWIN on 17:20 Rating: 5
Powered by Blogger.