![]() |
ကားတစ်စီးအား စစ်ဆေးနေသည့် ရုရှား ယာဉ်ထိန်းရဲ တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) |
ရုရှားနိုင်ငံ တောင်ပိုင်း Astrakhan မြို့တွင် ရဲတပ်ဖွဲ့ဝင် နှစ်ဦးအား ပစ်သတ်သူဟု စွပ်စွဲခံထားရသူ လေးဦးကို အသေ ဖမ်းဆီးမိခဲ့ကြောင်း ရုရှား လုံခြုံရေး ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦး၏ ပြောကြားချက်အား ကိုးကား၍ ဧပြီလ ၆ ရက်တွင် TASS သတင်းက ဖော်ပြထားသည်။
“သံသယရှိသူ လေးဦးကို ဧပြီလ ၄ ရက်က ပြုလုပ်ခဲ့တဲ့ အထူး စစ်ဆင်ရေးမှာ အသေပစ်ခတ် ဖမ်းဆီးမိခဲ့တာပါ” ဟု အထက်ပါ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။
ဧပြီလ ၄ ရက်က Astrakhan မြို့တွင် လမ်း မတော်တဆမှု တစ်ခုအတွင်း လက်နက်ကိုင် အမျိုးသား လေးဦးက တိုက်ခိုက်မှုကြောင့် ယာဉ်ထိန်းရဲ အရာရှိ နှစ်ဦး သေဆုံးသွားခဲ့ကြောင်း၊ ယင်း လက်နက်ကိုင် အမျိုးသား လေးဦးမှာ ရုရှားနှင့် နိုင်ငံတကာမှ အလိုရှိနေသည့် လူဆိုး စာရင်းဝင်များ ဖြစ်ကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
ရုရှားနိုင်ငံ Astrakhan မြို့တွင် ရဲနှစ်ဦးကို သတ်သည်ဟု သံသယရှိသူ လေးဦးကို အသေဖမ်းမိ
Reviewed by THITHTOOLWIN
on
17:47
Rating:
