YBS ၆၈ယာဉ်လိုင်းမှ ယာဉ်ပေါ်ပါခရီးသည်နှစ်ဦးမှ ယာဉ်နောက်လိုက်အား ဓားဖြင့် ထိုးပြီး ယာဉ်အား ဖျက်ဆီးမှုဖြစ်ပွား


ရန်ကုန် မတ် ၆

ရန်ကုန်တိုင်းဒေသကြီးရွှေပြည် သာမြို့နယ်တွင် မတ်လ ၄ရက် ည ၈နာရီက ပုလဲလမ်းမကြီး ပုလဲ လမ်းဆုံမီးပွိုင့်အနီးတွင့်  YBS ၆၈ ယာဉ်လိုင်းမှယာဉ်နောက်လိုက်အား အဆိုပါယာဉ်ပေါ်ပါ အမည်မသိ ခရီးသည်နှစ်ဦးက ဓားဖြင့်ထိုး၍ ယာဉ်အားဖျက်ဆီးကာ ထွက်ပြေး တိမ်းရှောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ လှိုင်သာယာနည်း ပညာတက္ကသိုလ်နှင့် ရွှေပြည်သာ (၃)ထိပ်မှတ်တိုင်သို့ ပြေးဆွဲသည့် ယာဉ်မောင်း သူရဇော် မောင်းနှင် သော YBS ၆၈ ယာဉ်လိုင်း 7H ----သည် လှိုင်သာယာဘက်မှ ရွှေပြည်သာဘက်သို့ မောင်းနှင်လာ စဉ်သမိုင်းလမ်းဆုံမှတ်တိုင်မှအမည် မသိခရီးသွားနှစ်ဦးက လိုက်ပါလာ ပြီး ရွှေပြည်သာမြို့နယ် ပုလဲလမ်း ဆုံ မီးပွိုင့်အကျော်အရောက်တွင် ယာဉ်နောက်လိုက်မျိုးမြင့်နှင့်စကား များကာ အဆိုပါခရီးသည်နှစ်ဦးမှ မျိုးမြင့်အားကားပေါ်မှဆွဲချ၍တစ်ဦး မှာ အသင့်ပါလာသော ဓားဖြင့်ထိုး ရာ မျိုးမြင့်တွင် ဝဲဘက်နံရိုးထိုး သွင်းဒဏ်ရာတစ်ချက်၊ ဝဲဘက် လက်ပြင်တွင် ဒဏ်ရာတစ်ချက်၊ ဝဲခြေသလုံးတို့တွင် ဒဏ်ရာများ ရရှိခဲ့သည်။ ထိုသို့အခင်းဖြစ်ပွား နေစဉ် ယာဉ်မောင်းသူရဇော်က ယာဉ်ပေါ်မှ အောက်သို့ဆင်း၍ တောင်းပန်ရာ အဆိုပါခရီးသွား နှစ်ဦးမှ ၄င်းကိုပါ ဓားဖြင့်လိုက်လံ ထိုးရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရ သည်။ ယာဉ်ပေါ်ပါခရီးသည်များ မှတားဆီးရာတွင်လည်း ဓားဖြင့် ထိုးမည်တကဲကဲလုပ်သဖြင့် အချို့ ခရီးသည်များမှာ ကြောက်ရွံ့၍ ထွက်ပြေးခဲ့ကြသည်။

အဆိုပါ ခရီးသွားနှစ်ဦးမှာ ယာဉ်၏ရှေ့လေကာမှန်အား ဓား နှောင့်ဖြင့်ထုကာ မှန်အားခွဲခဲ့ပြီး ယာဉ်၏ရှေ့ပိုင်း ဝဲ၊ ယာ ကားတာ ယာနှစ်လုံးကို ဓားဖြင့်ထိုးဖောက် ဖျက်ဆီး၍ ထွက်ပြေးတိမ်းရှောင် သွားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက် ၍ ယာဉ်နောက်လိုက် မျိုးမြင့်အား ဓားဖြင့်ထိုးကာ ယာဉ်အားဖျက် ဆီး၍ထွက်ပြေးတိမ်းရှောင်သွားသော အမည်မသိ ခရီးသွားနှစ်ဦးအား အရေးယူပေးပါရန် ယာဉ်မောင်း ဖြစ်သူကိုသူရဇော်ကတရားလိုပြု၍ တိုင်ကြားကာ ရွှေပြည်သာမြို့မရဲ စခန်းမှ (ပ)၂၂၆/၂ဝ၁၇ ရာဇသတ် ကြီးပုဒ်မ ၃၂၆/၄၂၇/၁၁၄တို့ဖြင့် အမှုဖွင့်လှစ်ပြီး ပြစ်မှုကျူးလွန် သူများအား ဖမ်းဆီးရမိရေးဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

နေထက်ပိုင်
The Union Daily
https://www.facebook.com/uniondaily.net
YBS ၆၈ယာဉ်လိုင်းမှ ယာဉ်ပေါ်ပါခရီးသည်နှစ်ဦးမှ ယာဉ်နောက်လိုက်အား ဓားဖြင့် ထိုးပြီး ယာဉ်အား ဖျက်ဆီးမှုဖြစ်ပွား YBS ၆၈ယာဉ်လိုင်းမှ ယာဉ်ပေါ်ပါခရီးသည်နှစ်ဦးမှ ယာဉ်နောက်လိုက်အား ဓားဖြင့် ထိုးပြီး ယာဉ်အား ဖျက်ဆီးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:51 Rating: 5
Powered by Blogger.