ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မတ်လ(၅)ရက်နေ့က ပြည်တွင်း အခွန်များဦးစီးဌာနရုံး ဒုဦးစီးမှူးတစ်ဦးထံမှ WY စိတ်ကြွမူးယစ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ကွင်းဆက်များကိုပါ WYဆေးပြားနှင့်အတူ ဖေါ်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မတ်လ(၅)ရက်နေ့ နံနက်(၁၀)နာရီ အချိန်ခန့်တွင် ဘားအံမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်အောင်မျိုးကျော် ဦးစီးနယ်ထိန်းတပ်ဖွဲ့ဝင်များ၊ ဘားအံခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့မှ ဒုရဲအုပ်ပုလဲမြ ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ ပြည်နယ်မှုခင်းအကူဌာနစုမှ ဒုရဲအုပ်အောင်ကျော်သူဦးစီးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ မူးယစ်ဆေးဝါးသတင်းအရ သက်သေဦးမြင့်သန်း၊ ဦးတင်ထွန်းအောင်တို့နှင့်အတူ ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိလမ်းရှိ ပြည်တွင်းအခွန်ဦးစီးဌာနရုံးမှ ထွန်းဇော်၊ ၄၂နှစ်၊(ဘ)ဦးလှညွန့်၏ အိပ်ခန်းဆောင်အား ဝရမ်းဖြင့် ၀င်ရောက် ရှာဖွေရာမှ ထွန်းဇော်နှင့်အတူ ကျော်ကျော်ထိန်လင်း ၊၃၇နှစ်၊ (ဘ)ဦးမောင်မြင့်လေး၊ ရွှေဘိုကျောင်းလမ်း၊ အမှတ်(၃)ရပ်ကွက်၊ ဘားအံမြို့နေသူတို့အားWYဆေးပြား(၁၆)ပြားနှင့် ဆေးရှူရာတွင် အသုံးပြုသည့် စပ်ဆက်ပစ္စည်းများ ရှာဖွေတွေ့ရှိ၍ သက်သေများရှေ့တွင် ဒုရဲအုပ်အောင်မျိုးကျော်မှ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။
ထို့နောက်ပူးပေါင်းအဖွဲ့မှ စစ်ဆေးပေါ်ပေါက်ချက်အရ ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဆေးရုံလမ်းနေမင်းမိုးဝင်း၊၂၃နှစ်၊ (ဘ)ဦးချစ်တင်ထံမှ ဝယ်ရရှိခဲ့ခြင်း ဖြစ်ကြောင်း ပေါ်ပေါက်သဖြင့် အဆိုပါ နေအိမ်အားပူးပေါင်းအဖွဲ့မှ သက်သေများနှင့်အတူ ဝရမ်းဖြင့် ရှာဖွေရာမှ WYဆေးပြားဝါးမတွေ့ရှိဘဲ ၎င်းမူးယစ်ဆေးဝါး ရောင်းချရာတွင် အသုံးပြုသည့် ဟာဝေးအမျိုးအစား ဆင်ကတ်
ပါလက်ကိုင်ဖုန်းအား ရှာဖွေတွေ့၍ ဒုရဲအုပ်အောင်မျိုးကျော်မှ တရားလိုပြုလုပ်ကာ ဘားအံမြို့မရဲစခန်း မယ(ပ)၂၃/၂၀၁၇ မူးစိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၁ဖြင့် အမှုရေးဖွင့် ခဲ့သည်။
ဆက်လက်၍ ပူးပေါင်းအဖွဲသည် မိုးမင်းဝင်းအား စစ်ဆေးရာ ဘားအံမြို့နယ်၊ မြိုင်ကလေးကျေးရွာအုပ်စု၊ တန်(၄၀၀၀)ဘိလပ်မြေစက်ရုံဝင်းနေ ကုလားမ(ခ)စိုးစံ၊၂၈နှစ် ထံမှ ဖုန်းဖြင့် ဆက်သွယ် ဝယ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သတင်းအတည်ပြုချက် ရယူခဲ့ရာ ကုလားမ(ခ) စိုးစံမှာ ဘားအံမြို့၊ တောင်ကလေးကျေးရွာရှိ အဲဗားဂရင်းစားသောက်ဆိုင်တွင် ရောက်ရှိနေကြောင်း သိရ၍ သက်သေများနှင့်အတူ သွားရောက်ဖမ်းဆီးခဲ့သည်။
ထို့နောက်ပူးပေါင်းအဖွဲ့မှ ၎င်းမောင်းနှင်လာသည့် နံပါတ်မပါ CBR အမျိုးအစား ဆိုင်ကယ်အားသက်သေများရှေ့ ရှာဖွေခဲ့ရာ အနီရောင်တိပ်ဖြင့် ပတ်ကာအပြာရောင် ကပ်ခွာအိတ်ဖြင့်ထည့်ထားသော WY စာတမ်းပါ စိတ်ကြွဆေးပြား(၂၇၂)ပြား၊ ငွေစက္ကူရောရာ (၅၀၀၀၀)ကျပ်၊ ဆေးရှူ ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ၎င်းကိုင်ဆောင်ထားသည့် VIVOအမျိုးအစား ဆင်းကတဒ်ပါ အဖြူရောင်လက်ကိုင်ဖုန်း တစ်လုံးတို့အား သက်သေများရှေ့တွင် ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် ဒုရဲအုပ်အောင်မျိုးကျော်မှ တရားလိုပြုလုပ်ကာ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက် တရားခံဖေါ်ထုတ် ဖမ်းဆီးရမိရေး ဆက်လက်စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မင်းသူ၊ထွန်းထွန်းထွေး (ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဘားအံမြို့ ပြည်တွင်းအခွန်များ ဦးစီးဌာန ဒုဦးစီးထံမှ WYဆေးပြားများ ဖမ်းရမိ
Reviewed by THITHTOOLWIN
on
06:09
Rating:
