မန္တလေး၌ ကျည်ဆံထိမှန်သေဆုံးမှု ထပ်ဆင့်ထိမှန်​Twist ကြောင့်ဟု ရဲချုပ်ပြော


နေပြည်တော်၊မတ် ၂၃။

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ၇၁ လမ်းနှင့် ၇၂ လမ်း၊ ကျန်စစ်သားလမ်းတွင် ဆိုင်ကယ်စီးနင်လာသူ တစ်ဦးသည် ကျည်ဆံထိမှန်သေဆုံးမှု မတ်လ ၂၂ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်အချိန်၌ ဖြစ်ပွားခဲ့သည်။

၎င်းကျည်ဆံထိမှန်သေဆုံးခြင်းသည် လုပ်ကြံပစ်ခတ်မှုမဟုတ်ပဲ ထပ်ဆင့်ထိမှန်သေဆုံးခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ကပြောသည်။

“ကျည်ဆံက တစ်နေရာရာကနေပြီးတော့ Twist ဖြစ်ပြီး မတော်တဆလာမှန်တာ၊ပစ်ခတ်လုပ်ကြံတာတော့ မဟုတ်ဘူး။ အဲလိုတော့ ကျနော်တို့ မတွေ့ဘူး။ အဲနားမှာလဲ ဘာပစ်ခတ်သံမှလဲ မကြားရဘူး။ တစ်နေရာရာကနေ Twist ဖြစ်ပြီးတော့ လာထိတဲ့ သဘောလို့ ထင်တယ်။ ဘယ်လိုဆိုတဲ့ Cost မသိရသေးဘူး။ ကျည်ဆံ အမျိုးအစားကို ကျွမ်းကျင်ပညာရှင်တွေက စစ်ဆေးနေတယ်”ဟု ရဲချုပ်ဇော်ဝင်းက ပြောသည်။

ထိုဖြစ်​စဉ်နှင့် ပတ်သက်ပြီး ရဲချုပ်အား မတ်လ ၂၃ ရက်နေ့က နေပြည်တော် သင်္ဂဟ ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ သည့် မူခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာ မူကြမ်းဆိုင်ရာ ဆွေးနွေးပွဲ ခေတ္တ နားချိန်တွင် သတင်းမီဒီယာ များ၏ မေးမြန်းမှုအပေါ်ဖြေကြားခဲ့ခြင်းဖြစ်သည်။

သေဆုံးသူမှာ မန္တ​လေးမြို့၊ကျန်စစ်သားလမ်း ၆၇ လမ်းနှင့် ၆၈ လမ်းတွင် နေထိုင်သူ ကိုရဲဝင်း (၃၅ နှစ်)ဖြစ်ပြီး သေဆုံးမှု ဖြစ်စဉ်အား သက်ဆိုင်ရာမှာ စုံစမ်းစစ်ဆေးနေကြောင်း သိရှိရသည်။

ကြယ်စင်ခ
Central News Myanmar
https://www.facebook.com/CNMyanmar/
မန္တလေး၌ ကျည်ဆံထိမှန်သေဆုံးမှု ထပ်ဆင့်ထိမှန်​Twist ကြောင့်ဟု ရဲချုပ်ပြော မန္တလေး၌ ကျည်ဆံထိမှန်သေဆုံးမှု ထပ်ဆင့်ထိမှန်​Twist ကြောင့်ဟု ရဲချုပ်ပြော Reviewed by THITHTOOLWIN on 17:45 Rating: 5
Powered by Blogger.