SkyNet မဏ္ဍပ် သတ်မှတ်စည်းကမ်းချက်ဖြင့် မကိုက်ညီသဖြင့် ပြန်ဖျက်ပေးရ


လသာမြို့နယ်၊ အနော်ရထာလမ်း၊ စဥ့်အိုးတန်းနှင့် ၁၉ လမ်းကြားရှိ ဆောက်လက်စ SkyNet သင်္ကြန်မဏ္ဍပ်သည် သတ်မှတ်ထားသည့် မဏ္ဍပ်စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသဖြင့် ပြန်လည်ဖျက်သိမ်းခိုင်းခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကောမတီ မှသိရသည်။

သတ်မှတ်စည်းကမ်းအရ မဏ္ဍပ်တည်ဆောက်ရာ၌ Steel Structure ဖြင့် တည်ဆောက်လိုပါက H Beam, I Beam များကိုသာ အသုံးပြုရမည်ဖြစ်ပြီး သံပိုက်ခေါင်းဖြင့် မဆောက်လုပ်ရန်၊ Full Welding ဂဟေဆက်၍ ဆောက်လုပ်ရမည်ဟု သတ်မှတ်ထားသော်လည်း SkyNet မဏ္ဍပ်တည်ဆောက်ရာတွင် သံပိုက်လုံးများဖြင့်တည်ဆောင်နေကြောင်း စိစစ်တွေ့ရှိရသည့်အတွက် ယခုကဲ့သို့ ပြန်ဖျက်ရန် ညွှန်ကြားရခြင်းဖြစ်ကြောင်း သိရသည်။


"စည်းကမ်းချက်တွေထဲမှာ ပါတဲ့အတိုင်း မဆောက်ဘူး။ သံပိုက်လုံးသေးသေးလေးတွေနဲ့ ဆောက်ထားတယ်။ အဲဒါကြောင့် ပြန်ဖျက်ခိုင်းတာပါ။ ဆောက်မယ်ဆိုရင် သတ်မှတ်ချက်အတိုင်း ပြန်ဆောက်ရမှာ''ဟု စည်ပင် လမ်း/တံတားဌာနမှ တာဝန်ရှိသူတစဦးကပြောသည်။


ယခုနှစ်သင်္ကြန်မဏ္ဍပ်လျှောက်ထားသူများအနေဖြင့် လိုက်နာရမည့် စည်ကမ်းချက် ၄၅ ချက် သတ်မှတ်ထားသည်။

လက်ရှိအချိန်ထိ မဏ္ဍပ်ကြီးဆောက်လုပ်ခွင့် လျောက်ထားမှု ၂၈ ခုရှိပြီး စည်ပင်မှ စိစစ်ဆဲအဆင့်တွင်သာရှိသေးကြောင်းလည်း သိရသည်။

လင်းလင်းအောင်
News Watch
https://www.facebook.com/NewsWatchJournal/
SkyNet မဏ္ဍပ် သတ်မှတ်စည်းကမ်းချက်ဖြင့် မကိုက်ညီသဖြင့် ပြန်ဖျက်ပေးရ SkyNet မဏ္ဍပ် သတ်မှတ်စည်းကမ်းချက်ဖြင့် မကိုက်ညီသဖြင့် ပြန်ဖျက်ပေးရ Reviewed by THITHTOOLWIN on 19:11 Rating: 5
Powered by Blogger.