ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်သည် ယနေ့ မတ်လ ၂ ရက်နေ့တွင် ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယာဉ်မြို့တော်၊ (စီ) ဘလောက် ဓမ္မာရုံကွင်း၌ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD အောင်နိုင်ရေးအတွက် မဲဆွယ်ဟောပြောမှုပွဲကို စတင်ခဲ့သည်။
ယင်းအခမ်းအနားတွင် NLD နာယက ဦးတင်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒဂုံဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးမြစိန်က မဲဆန္ဒပြည်သူများကို မိတ်ဆက်ဟောပြောခဲ့သည်။
အဆိုပါ မဲဆန္ဒနယ်မြေသည် လစ်လပ်သွားသော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦကျော်ဝင်း၏ မဲဆန္ဒနယ်မြေဖြစ်သည်။ ယင်းအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်လည်းဖြစ်သူ ဦးဝင်းမြင့်သည်ညနေ ၄ နာရီအချိန်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ၁၂၄ ရပ်ကွက် ကွင်းတွင် ဟောပြောမည်ဖြစ်ကြောင်း သိရသည်။
လင်းလင်းအောင်
News Watch
https://www.facebook.com/NewsWatchJournal/
ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် NLD အောင်နိုင်ရေးအတွက် စတင်မဲဆွယ်
Reviewed by THITHTOOLWIN
on
11:02
Rating:
