ကျောက်တံခါး
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းနယ်မြေ ရဲစခန်းအပိုင် ရန်ကုန် - မန္တ
လေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၂၁/၆နှင့် ၇ အကြား၌ မတ်လ ၆ရက် နံနက်၉နာရီက လမ်းဖြတ်ကူးသူ အမျိုးသမီးတစ်ဦးအား ယာဉ်တိုက်မူ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်းမောင်ညို (ခ)စိုးအောင်၂၉နှစ်(ဘ)ဦးဝင်းမြင့်
အင်ဝိုင်ရွာ တောင်ငူမြို့နေသူမောင်းနှင်လာသော ယာဉ်အမှတ်1M/7528 AG FALL အဖြူ
ရောင်၆ဘီးယာဉ်သည် ကားလမ်းအနောက်မှ အရှေ့ဘက်သို့လမ်းဖြတ်ကူးသူဒေါ်သေးတာ၅၃နှစ်(ဘ)ဦးအောင်သန်း သံပုရာခုံရွာ ပဲနွယ်ကုန်းမြို့နေသူအား ဝင်ရောက်တိုက်မိရာဒေါ်သေးတာ
တွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ (အတွင်းလူနာ စိုးရိမ်ရ)ဖြင့် ပဲနွယ်ကုန်းတိုက်နယ်ဆေးရုံ၌ ဆေးကုသမူ ခံယူခဲ့ရသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းနယ်မြေ ရဲစခန်းမှ စခန်းမှုးရဲအုပ်ဝင်း
နိုင်မှစစ်ဆေးဆောင်ရွက်ကာယာဉ်(ပ)၂/၂၀၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ၃၃၈ အရယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းမောင်ညို(ခ)စိုးအောင်အား အမူဖွင့်အရေးယူဆောင်ရွက်ထား
ကြောင်းသိရသည်။
ခင်ကို(ကျောက်တံခါး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကျောက်တံခါးမြို့နယ်၌ လမ်းဖြတ်ကူးသူ အမျိုးသမီးအား FALL ၆ဘီး ယာဉ်မှ ဝင်တိုက်မူဖြစ်ပွား
Reviewed by THITHTOOLWIN
on
21:00
Rating:
