ရန်ကုန် -မန္တလေး အမြန်လမ်းတွင် မန်းရွှေမြို့တော် EXPRESS ယာဉ် ၀ါယာရှော့ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွား


နေပြည်တော် မတ် ၂၀

ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး၏ ဒိုက်ဦးမြို့နယ၊် အုတ်ရှစ်ကုန်း အမြန်လမ်း ရဲတပ်ဖွဲ့စခန်းအပိုင်း မိုင်တိုင်အမှတ် ၆၇/၃နှင့်၎အကြား ရန်ကုန်ဘက်မှ နေပြည်တော် ဘက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ)မောင်းနှင်လာသော မန်းရွှေမြို့တော် ခရီးသည်တင် EXPRESS မော်တော်ယာဉ်သည် ယနေ့နံနက် ၇ နာရီခွဲက အင်ဂျင်ခန်းမှ ၀ါယာရှော့ ဖြစ်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်အား အမြန်လမ်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်မှု ယာဉ်တစ်စီး၊ မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် နှစ်စီး၊ ဘောနီအမြန်လမ်းရဲတပ်ဖွဲ့မှ အုပ်ချုပ်မှု ယာဉ်တစ်စီးနှင့် မီးသတ်ယာဉ် နှစ်စီးတို့မှ မီးငြိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

ဖြစ်စဉ်ကြောင့် EXPRESS ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ အမျိုးသား (၁၃)ဦး၊ အမျိုးသမီး (၁၂)ဦး၊ ပေါင်း(၂၅)ဦးမှာ ထိခိုက်မှု မရှိသော်လည်း ယာဉ်မှာ ခန့်မှန်းတန်ဖိုး သိန်း (၂၅၀) ခန့် ပျက်စီး ဆုံးရှုံးခဲ့သည်။

သို့ပါ၍ ယာဉ်အား ပေါ့ဆစွာ မောင်းနှင်မှုကြောင့် ယာဉ်မောင်းအား အုတ်ရှစ်ကုန်း အမြန်လမ်း ရဲတပ်ဖွဲ့စခန်းမှ ယာဉ်(ပ) ၅/၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၂၇၉ /၂၈၅/၂၀၂ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သန်းဦး(လေးမျက်နှာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ရန်ကုန် -မန္တလေး အမြန်လမ်းတွင် မန်းရွှေမြို့တော် EXPRESS ယာဉ် ၀ါယာရှော့ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွား  ရန်ကုန် -မန္တလေး အမြန်လမ်းတွင် မန်းရွှေမြို့တော် EXPRESS ယာဉ် ၀ါယာရှော့ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 20:24 Rating: 5
Powered by Blogger.