CDNH အဖွဲ့ကထုတ်ဝေတဲ့ ပြည်သူ့နီတိ တတိယတန်းစာအုပ်ကို တွေ့ရစဉ်။ Photo: CDNH FB |
အဲဒီ CDNH အဖွဲ့ကထုတ်ပြန်ထားတဲ့ ပြည်သူ့နီတိစာအုပ်မှာ ကမ္ဘာပေါ်ရှိ လူအများစု ကိုးကွယ်လျက် ရှိသော ဘာသာကြီး ၄ ဘာသာဖြစ်သည့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာနှင့် အစ္စလာမ်ဘာသာများ ရဲ့ အခြေခံအကြောင်းအရာများကို တတိယတန်းနှင့် စတုတ္ထတန်းစာအုပ် ထည့်သွင်းဖော်ပြထားပါတယ်။
ဒီစာအုပ်များနဲ့ပတ်သက်ပြီး ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လက်ခံနိုင်ဖွယ်မရှိလို့ သဘောထား ထုတ်ပြန်ပြီး အမျိုးသားအကျိုးစီးပွားအတွက် လိုအပ်သလို တုန့်ပြန်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အလားတူ CDNH အဖွဲ့ကလည်း သူတို့ထုတ်ဝေတဲ့ ပြည်သူ့နီတိစာအုပ်ဟာ အစိုးရအဖွဲ့အစည်းများနဲ့ လုံးဝ သက်ဆိုင်ခြင်းမရှိဘူးလို့ မတ်လ ၅ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
RFA Burmese
http://www.rfa.org/burmese
CDNH ပြည်သူ့နီတိ အစိုးရပြဌာန်းစာအုပ် မဟုတ်ပါ
Reviewed by THITHTOOLWIN
on
11:46
Rating: