ရန်ကုန်မြို့လယ်တွင် ကိုယ်လုံးတီးချွတ်ချသူ အမျိုးသမီးမှာ မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ခင်ပွန်းသည် တနေကုန်အလုပ်ရှာမရရာမှ လင်မယား အချင်းများခြင်းဖြစ်


ရန်ကုန်မြို့ လမ်းမတော်မြို့နယ်၊ အနော်ရထာလမ်းမပေါ် ၁၁ လမ်းနှင့် ၁၂လမ်းကြားတွင် မတ်လ ၂၈ ရက်နေ့ ည ၉နာရီအချိန်က စုံတွဲတတွဲ စကားများရန်ဖြစ်ကြရာမှ အမျိုးသမီးဖြစ်သူမှ အဝတ်အစားများ ချွတ်ပြခဲ့သည့်ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်မှ အမျိုးသားနှင့်အမျိုးသမီးမှာ လင်မယာများဖြစ်ပြီး မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူများဖြစ်ကြောင်း လမ်းမတော်မြို့မရဲစခန်းမှ သိရသည်။


"အဲဒီမှာ ရန်ဖြစ်တယ်ဆိုလို့ သွားခေါ်လာတာ။ စခန်းရောက်တော့ သူ တို့က လင်မယားအချင်းချင်းဖြစ်တာမို့ အမှုမဖွင့်ချင်ဘူးလို့ ပြောပါတယ်။ အဲဒါကြောင့် သူတို့ကို ခံဝန်ယူခိုင်းပြီးတော့ လင်မယားအချင်းချင်းရန်ဖြစ်တာမို့လို့ ပြန်လွှတ်ပေးလိုက်တယ်''ဟု အဆိုပါစခန်းမှ တာဝန်ကျရဲမေတဦးက News Watch သို့ ပြောသည်။

၎င်းစုံတွဲ စကားများရန်ဖြစ်ရသည့်အကြောင်းရင်းနှင့်ပတ်သက်၍ အဆိုပါရဲမေက ဆက်လက်ပြောကြားရာတွင် "သူ့ယောကျာ်းက အလုပ်လာရှာတာ။ တနေ့လုံး အလုပ်ရှာမတွေ့ဘူးဆိုတော့ ပြဿနာဖြစ်တယ်လို့ သိရပါတယ်''ဟု ဆိုသည်။

အဆိုပါ အမျိုးသားနှင့် အမျိုးသမီးတို့သည် အသက် ၃၀ ၀န်းကျင်ခန့်သာရှိသေးကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သည့် လမ်းမတော်မြို့နယ်နေသူတဦးကပြောသည်။


"ကျွန်တော်သိရသလောက်ကတော့ ဆိုက္ကားစီးလာရင် ၁၁ လမ်းထိပ်မှာ ရန်ဖြစ်ကြတယ်။ အဲဒီမှာ ယောက်ျားက အမျိုးသမီးကို ထိုးလားကြိတ်လား လုပ်တယ်ပေါ့။ နောက်မကြာဘူး ရဲကားရောက်လာတယ်။ ရဲကားရောက်လာတော့ ကောင်မလေးက သူ့ကို မုဒိန်းကျင့်ပါတယ်ဆိုပြီး ပြောတယ်။ ဒါနဲ့ ရဲကလည်း ကောင်လေးကိုလက်ထိပ်ခတ်ပြီး ကားပေါ်တင်တာပေါ့။ ကောင်မလေးက ဆေးကြောင်နေလားမသိဘူး။ ကောင်လေးကို လက်ထိပ်ခတ်တော့ သူတို့က လင်မယားတွေ။ သူ့ယောင်္ကျားကို ပြန်လွှတ်ပေးဆိုပြီး ပြောတယ်။ ရဲက စခန်းကိုလိုက်ဖို့ပြောတယ်။ အဲဒီမှာ ကောင်မလေးက သူ့ယောကျာ်းကို မလွှတ်လို့ဆိုပြီး အဝတ်အစားတွေ အကုန်လုံးချွတ်ပစ်တာ။ ကျွန်တော်တို့တောင် ကြောင်သွားတယ်။ နောက်တော့ ကောင်မလေးက အဝတ်အစားမပါဘဲ ၁၁ လမ်းထိပ်ကနေ စံပြမီးပွိုင့်ဘက်ကို ပြေးသွားတယ်။ ဘုန်းကြီးလမ်းဘက်ကို ရောက်တဲ့အချိန်မှာ ရဲမေတဦးရောက်လာပြီးတော့ ခေါ်သွားတယ်''ဟု ၄င်းကပြောသည်။

အဆိုပါ အမျိုးသမီးသည် မူးယစ်ဆေးဝါးသုံးစွဲထားခြင်း မရှိကြောင်း ရဲမေတဦးက ပြောသည်။

လင်းလင်းအောင်
Photo Credit-Myo Myint
News Watch
https://www.facebook.com/NewsWatchJournal/
ရန်ကုန်မြို့လယ်တွင် ကိုယ်လုံးတီးချွတ်ချသူ အမျိုးသမီးမှာ မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ခင်ပွန်းသည် တနေကုန်အလုပ်ရှာမရရာမှ လင်မယား အချင်းများခြင်းဖြစ် ရန်ကုန်မြို့လယ်တွင် ကိုယ်လုံးတီးချွတ်ချသူ အမျိုးသမီးမှာ မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ခင်ပွန်းသည် တနေကုန်အလုပ်ရှာမရရာမှ လင်မယား အချင်းများခြင်းဖြစ် Reviewed by THITHTOOLWIN on 17:14 Rating: 5
Powered by Blogger.