ရန်ကုန် မတ် ၇
တာမွေမြို့နယ်ရှိ ခုနစ်ပင်လိမ်ချောင်းအတွင်း ယနေ့ နံနက်အစောပိုင်းက ကျည်များနှင့်ဓားများ တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၉ နာရီခန့်က တာမွေမြို့နယ် တာမွေလေးရပ်ကွက် လေးထောင့်ကန်လမ်းအနီးရှိ ခုနစ် ပင်လိမ်ချောင်းအတွင်း ကုန်းရေနှစ်မျိုးသွားဘတ်ဖိုးယာဉ် ဖြင့် နုန်း၊ သဲ၊ အမှိုက်များ ဆယ်တင်ရှင်းလင်းမှုလုပ်ငန်းများ ဆောင်ရွက်နေစဉ် ချောင်းအတွင်းမှ ကျည်မျိုးစုံ ၃၃ တောင့်နှင့် ဓားမျိုးစုံ ၁၂ လက်ကိုတွေ့ရှိသိမ်းဆည်းရမိခဲ့ ခြင်းဖြစ်ပြီး သိမ်းဆည်းရမိသောကျည်များမှာ ၉ မမ ကျည် ၂၇ တောင့်၊ ၃ဝ၃ကျည် နှစ်တောင့်၊ ကာဘိုင်ကျည် တစ်တောင့်တို့ဖြစ်ကာ ၉မမ ကျည်ခွံ တစ်ခုနှင့် ဖြတ်ပိုင်း ထားသော ၃ဝ၃ ကျည်ခွံ တစ်တောင့်အပါအဝင် စုစု ပေါင်းကျည်နှင့် ကျည်ခွံ ၃၂ တောင့်၊ ဓားအရှည် ၁ဝ လက်၊ ဓားအတို နှစ်လက်ဖြင့် စုစုပေါင်း ၁၂ လက်ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။
အဆိုပါဖြစ်ပွားရာနေရာသို့ သတင်းရလျှင်ရခြင်း မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့၊ စည်ပင်အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးတို့ လာရောက်ကြည့်ရှုခဲ့ကြပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးလှသိန်းလည်း လာရောက် ကြည့်ရှုခဲ့ကြောင်းသိရကာ ဖြစ်စဉ်နှင့် စပ်လျဉ်း၍ သိမ်းဆည်း ရမိပစ္စည်းများကို တာမွေမြို့မရဲစခန်းမှ စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
(စိုးဝင်း-MLA)
The Mirror Daily
https://www.facebook.com/TheMirrorDaily/
တာမွေမြို့နယ်ရှိ ခုနစ်ပင်လိမ်ချောင်းအတွင်း ကျည်များနှင့်ဓားများ သိမ်းဆည်းရမိ
Reviewed by THITHTOOLWIN
on
17:25
Rating:
