ကျောက်မဲမြို့တွင် ပေါက်ကွဲမှုဖြစ်ပွား


မတ်လ ၃၀ ရက် ကျောက်မဲ ။

ကျောက်မဲမြို့ ၁ ရပ်ကွက် အမှတ် ၆၂၆ ထောက်ပို့နှင့်ပို့ဆောင်ရေးတပ်ဆွယ် ခြံစည်းရိုးအနီးတွင် မတ်လ ၃၀ ရက်နေ့ ည ၀၉း ၀၅ မိနစ်အချိန်ခန့်က လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည် ။


အဆိုပါလက်လုပ်ဗုံးပေါက်ကွဲမှုကြောင့် ခြံစည်းရိုးအနီးရှိ ကြက်ဆူပင်ခြေရင်းတွင် အကျယ် ၆ လက်မ အနက် ၆ လက်မခန့်မြေကြီးချိုင့်ဝင်သွားပြီး ၎င်းတပ်နှင့်မျက်နှာချင်းဆိုင် အမက ၄ ကျောင်းအုတ်တံတိုင်း ခြံစည်းရိုးသို့လည်း ခဲသီးစများထိမှန်ခဲ့ကြောင်း ထိခိုက်ဒါဏ်ရာရရှိမှု မရှိကြောင်းသိရသည် ။

Kyaw Kyaw Oo
ကျောက်မဲမြို့တွင် ပေါက်ကွဲမှုဖြစ်ပွား  ကျောက်မဲမြို့တွင် ပေါက်ကွဲမှုဖြစ်ပွား Reviewed by THITHTOOLWIN on 06:47 Rating: 5
Powered by Blogger.