မွန်ပြည်နယ် ၀န်ကြီးချုပ် အဖြစ် ဒေါက်တာ အေးဇံ ကို ခန့် အပ်ရန် မွန်ပြည်နယ် လွှတ်တော်မှ ကန့် ကွက်သူ မရှိ အတည်ပြု

မွန်ပြည်နယ် ၀န်ကြီးချုပ် အဖြစ် ခန့် အပ်ခံရသော ဒေါက်တာ အေးဇံအား တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)
    ရန်ကုန် ၊ မတ် ၁ ရက်(ဆင်ဟွာ)

    မွန်ပြည်နယ် ၀န်ကြီးချုပ် အဖြစ် ဒေါက်တာ အေးဇံအား ခန့် အပ်ရန် ယနေ့ မတ် ၁ ရက်တွင် ပြုလုပ်သော မွန်ပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေးတွင် ကန့် ကွက်သူ မရှိ အတည်ပြုခဲ့ကြောင်း မွန်ပြည်နယ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

“နိုင်ငံတော် သမ္မတက ပေးပို့ လာတဲ့ အမည်စာရင်းကို လွှတ်တော် ဥက္ကဋ္ဌက ဖတ်ကြားတယ်။ကန့် ကွက်သူ ရှိရင် ဖိတ်ခေါ်တယ်။မရှိဘူးလေ။အဲဒါဆိုတော့ အတည်ပြုလိုက်ပါတယ်။ကတိသစ္စာပြု ကျမ်းကျိန်တာကိုတော့ ဒီနေ့ တစ်ခါတည်း ထပ်လုပ်သွားမှာပါ။”ဟု မွန်ပြည်နယ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

မွန်ပြည်နယ် ၀န်ကြီးချုပ် အဖြစ် ခန့် အပ် ခံရသော ဒေါက်တာ အေးဇံသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ပါတီမှ ကျိုက်ထိုမြို့ နယ် ၊ မဲဆန္ဒနယ် အမှတ်(၂)မှ အနိုင်ရရှိခဲ့သည့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ဖြစ်ပြီး မွန်ပြည်နယ်လွှတ်တော်၌ စီမံကိန်း နှင့် ဘဏ္ဍာရေး ကော်မတီ ဥက္ကဋ္ဌ ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com/
မွန်ပြည်နယ် ၀န်ကြီးချုပ် အဖြစ် ဒေါက်တာ အေးဇံ ကို ခန့် အပ်ရန် မွန်ပြည်နယ် လွှတ်တော်မှ ကန့် ကွက်သူ မရှိ အတည်ပြု မွန်ပြည်နယ် ၀န်ကြီးချုပ် အဖြစ် ဒေါက်တာ အေးဇံ ကို ခန့် အပ်ရန် မွန်ပြည်နယ် လွှတ်တော်မှ ကန့် ကွက်သူ မရှိ အတည်ပြု Reviewed by THITHTOOLWIN on 12:55 Rating: 5
Powered by Blogger.