အိပ်ရေးမဝရင် အလုပ်မှာ စကားများ ရန်ဖြစ်ဖို့များ


တညတာ အိပ်ရေးပျက်ရုံနဲ့ ပုံမှန်မဟုတ်ဘဲ ရှုပ်ထွေးညစ်ညူးဖွယ် စိတ်အနေအထား ဖြစ်စေနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

အိပ်ရေးမဝရင် အလုပ်သမားတွေဟာ မောပန်းနွမ်းနယ် ဖြစ်ရုံ သက်သက်မဟုတ်ဘဲ မလိုလားအပ်တဲ့ အပြုအမူတွေကိုလည်း ဖြစ်ပေါ်စေပြီး မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်မှု ကင်းမဲ့စေကာ အချေအတင် စကားများ ရန်ဖြစ်နိုင်ခြေ ပိုများတယ်လို့ လေ့လာတွေ့ရှိချက် အသစ်တခုက ထောက်ပြပါတယ်။

နယ်သာလန် နိုင်ငံ က ရိုတာဒမ် စီမံခန့်ခွဲမှု တက္ကသိုလ်ရဲ့ လေ့လာချက်မှာ ဒီလို အလုပ်သမားတွေ အိပ်ရေးပျက် မှုကြောင့် ထုတ်လုပ်မှုစွမ်းရည်ကျဆင်းပြီး ငွေ ဘီလျံနဲ့ချှီဆုံးရှုံးနိုင်တယ်လို့လည်း ဆိုပါတယ်။

အိပ်ရေးပျက်ခြင်းက ဖျက်အားမြင့်စက်ဝန်း သံသရာ လည်စေတယ်လို့လည်း ပြောပါတယ်။

အိပ်ရေးမဝလို့ မလိုလားအပ်တွေ ပြုမူရာမှာ စိတ်မထိန်းနိုင်ခြင်း၊ အရှုံးတခုခု မအောင်မြင်မှု တခုခုကို လွယ်လွယ်ကူကူ မကျော်ဖြတ်နိုင်ခြင်း၊ လုပ်ဖော်ကိုင်ဖက်တွေကို ရိုင်းရိုင်းပျပျဆက်ဆံခြင် ဖြစ်ပေါ်နိုင်သလို အလုပ်ခွင် ခိုးမှုတွေလည်း တိုးစေနိုင်တယ်လို့ ဆိုပါတယ်။

အရင်တုန်းကလည်း လုပ်ငန်းခွင် စွမ်းရည်နဲ့ အိပ်စက်ခြင်း ဆက်နွှဲမှုကို လေ့လာတဲ့ သုတေသန ပြုမှုတွေ ရှိခဲ့ပါတယ်။ အိပ်ရေးမဝခြင်းကြောင့် ကျင့်ဝတ်သီလပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်နဲ့ လုပ်ငန်းခွင် အရေးကြီး ဆုံးဖြတ်ချက်တွေ ချမှတ်မှု ဘယ်လိုပုံစံ ဆက်စပ် ဆက်နွှဲနေတယ်ဆိုတာကို တရားသူကြီးတွေနဲ့ စစ်မြေပြင်က စစ်သားတွေကို အခြေပြုပြီး လေ့လာခဲ့ဖူးကြပါတယ်။

ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese
အိပ်ရေးမဝရင် အလုပ်မှာ စကားများ ရန်ဖြစ်ဖို့များ အိပ်ရေးမဝရင် အလုပ်မှာ စကားများ ရန်ဖြစ်ဖို့များ Reviewed by THITHTOOLWIN on 18:24 Rating: 5
Powered by Blogger.