မြစ်ကြီးနားတွင် ဂတ်(စ်)အိုး ပေါက်ကွဲမှုကြောင့် မိုး/ဇလ ဒုဦးစီးမှူးသေဆုံး


ဂတ်(စ်)အိုးပေါက်ကွဲမူကြောင့် လူတစ်ဦးသေ ကလေးတစ်ဦး ဒဏ်ရာရ

ပြီးခဲ့တဲ့ မတ် ( ၅ ) ရက်နေ့  မွန်တည့်(၁၂)ကျော်ခန့်က မြစ်ကြီးနားမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ နယ်မြေ(၂)တွင် ဂတ်(စ်)အိုးပေါက်ကွဲမှုကြောင့် လူတစ်ဦးသေဆုံးခဲ့သည်။

ဖြစ်စဉ်မှာ ရန်ကြီးအောင်ရပ်ကွက်၊ နယ်မြေ(၂)ရှိ မိုးလေဝသနှင့် ဇလဗေဒရုံးဝင်းအတွင်း နေထိုင်သော မိုးဇလဦးစီးဌာနမှ ဒုဦးစီးမှူးဦးဘရန်ရှောင်၊ အသက်(၄၅)နှစ်သည် မိုးပျံပူဖေါင်းများလေဖြည့်ရာတွင် အသုံးပြုသည့် ဂက်(စ်)အိုးအား နေအိမ်မီးဖိုအနီးတွင် ဂက်(စ်)ဖြည့်သွင်းနေစဉ် ပေါက်ကွဲခဲ့ကြောင်း သိရသည်။


ပေါက်ကွဲမှုကြောင့် ဦးဘရန်ရှောင်မှာ ဦးခေါင်းပြတ်သေဆုံးခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားစဉ် အနားတွင်ရှိနေသည့် အသက် ၂ နှစ်ခန့်ရှိ ဦးဘရန်ရှောင်၏သမီးဖြစ်သူ မဂျာနမ်ဘင်း၏ မျက်လုံးများတွင်လည်း ဂက်(စ်)အငွေ့များ ထိမှန်ခံခဲ့ရကြောင်း သိရသည်။

အခင်းဖြစ်ပွားနေရာသို့ မြစ်ကြီနားမြို့မရဲစခန်းမှ စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊မြို့နယ်ထွေအုပ်မှ ဒုဦးစီးမှူးဦးကျော်ထင်ကိုကိုနှင့် တာဝန်ရှိသူများလာရောက် စစ်ဆေးခဲ့ကြပြီး ကလေးငယ်နှင့် သေဆုံးသူတို့အား မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကာ အမှုကို ဆက်လက်ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

ဝေဖြိုးအောင်
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm

မြစ်ကြီးနားတွင် ဂတ်(စ်)အိုး ပေါက်ကွဲမှုကြောင့် မိုး/ဇလ ဒုဦးစီးမှူးသေဆုံး မြစ်ကြီးနားတွင် ဂတ်(စ်)အိုး ပေါက်ကွဲမှုကြောင့် မိုး/ဇလ ဒုဦးစီးမှူးသေဆုံး Reviewed by THITHTOOLWIN on 08:05 Rating: 5
Powered by Blogger.